- ခင်ဗျားတို့ ဘာလုပ်တာလဲ..လွှတ်.. မင်းတို့ဘယ်သူတွေလဲ..ငါ့ကို ဘာလို့ ဖမ်းကြတာလဲ..
အနက်ရောင် ဝမ်းဆက် ဝတ်ထားသော ထိုလူ 4 ယောက်သည် ပိုင့်အား ဘာစကားတခွန်းမျှ မဆိုကားနက်ကြီးထဲ အတင်းဆွဲခေါ်လေသည်..
ပိုင် သူတို့လက်ထဲမှ ရုန်းထွက်ရန် ပြုနေပေမဲ့ အားချင်းမမျှ သည်ကြောင့် ထိုသူ 4 ယောက်ဆွဲခေါ်ရာ ကားနက်ကြီးထဲ လိုက်ပါခဲ့ရသည်...
- မင်းတို့..
ပိုင့် ရဲ့စကားသံတို့က လေထဲတွင်သာ ပျောက်ချ သွားခဲ့ပီးးနောက်
ပိုင့်ရဲ့ နှခေါင်းပေါ် လက်ကိုင်ပုဝါ တစ်ထည်လာရောက်ကာ...အုပ်လိုက်ချိန်..
သူ..သူ့ရဲ့မျက်လုံးတို့မှိတ်ဆင်းသွားရင်းးး
အမှောင်ကမ္ဘာဆီသို့.................
......
လေးလံနေတဲ့မျက်ခွန်ကို အသာဖွင့်လိုက်ပီးး ကိုယ်နဲ့မရင်းနှီးသေးသော ထိုအခန်းထဲအားးသူဝေ့ကြည့်နေလိုက်သည်..
သိပ်ထူးဆန်းတယ်..ဒီအခန်းထဲမှာ..ထူးဆန်းတဲအရာတွေရှိနေတယ်ဗျ...
ပိုင် အနီရောင်ကုတင်မွေ့ယာကြီးဆီမှ တလှမ်းချင်းလျှောက်လာခဲ့ရင်းးအ့ံသြမင်သက်စွာ တခန်းလုံးအားး ကြည့်နေခဲ့သည်..
ဓာတ်ပုံ... သူ့ရဲ့ဓာတ်ပုံမြောက်များစွာ...
- ဒီပုံတွေက..ဒီပုံတွေက ..ငါလားး
8 တန်းအရွယ်ကောင်လေး ကျောင်းစိမ်းဝတ်စုံလေးဖြင့် တမျိုးကြည့်ကောင်းနေအောင်..အစွယ်လေးတွေပေါ်လာသည်အထိ ရီပြနေသော ကောင်လေးရဲ့ ဓာတ်ပုံအား ပိုင့်ရဲ့လက်တွေနှင့် ထိတွေ့ကာ..
" ကျနော့ရဲ့ ဓာတ်ပုံတွေ သိမ်းဆည်းထားတဲ့သူက ဘယ်လိုလူများလဲ..သိချင်တာမှန်ပေမဲ့..ကျနော် မပျော်ဘူးး ဘာလို့လဲ လို့သူ့ကိုမေးကြည့်ချင်ပါသေးတယ်..ကျနော့ကို ဘယ်ချိန်ကတည်းက သိခဲ့တာလဲလို့ပေါ့.."
- ကျွီ..🚪
တံခါးဖွင့်သံနှင့်အတူ ဝင်လာတဲ့သူအားး ပိုင့်ကြည့်လိုက်တဲ့အချိန်..
ကြည့်နေတဲ့ မျက်ခုံးတို့တွန့်ချိုးသွားသရောင်..အစောက မေးချင်နေသော မေးခွန်းတို့အားသတိမရတော့လောက်အောင်..ပိုင့်ရဲ့ မျက်ဝန်းမှာ ဝင်လာတဲ့ အနီရောင်ဝတ်စုံနှင့်လူးသားအား ခက်ထန်စွာ ကြည့်နေမိခဲ့သည်...
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
