- အစောက ဖြစ်ခဲ့တာတွေမေ့ပစ်လိုက်ပါ
မထင်မှတ်ထားတဲ့စကားသံနှင့်အတူ ဝေယံ ကုတင်ပေါ်မှ ဆင်းကာ..စူးရှေ့ ရပ်လိုက်ပီး
မျက်နှာကို အတက်နိုင်ဆုံး မငိုမိအောင် ထိန်းထားရတဲ့ဝေယံရဲ့အဖြစ်.. စူးရဲ့ပုခုံးနှစ်ဖတ်ကို ကိုင်လိုက်သည်..
- ငါတို့ဖြစ်ခဲ့တာတွေက မေ့ပစ်ဖို့ အဲ့လောက်တောင်လွယ်နေတာလားးဟင်စူးး မင်းပြော..ငါက မင်းအတွက်ဆိုရင် မေ့ပစ်လွယ်ရအောင်..မြေမှုန်လေးတစ လောက်တောင် တန်ဖို့းမရှိတဲ့သူလားး
မငိုမိအောင်ထိန်းထားပေမဲ့..သူ့ရဲ့စကားသံတို့မှာ..အနဲငယ် အက်ကွဲနေခဲ့သည်...
စူးး ဘာတစ်ခွန်းမျှမပြောပဲ..မျက်နှာကိုသာ ပြတင်းပေါက်ဘက် လွှဲထားကာ..ဝေယံ ရဲ့စကားတို့အား ဆက်နားထောင်နေလိုက်တယ်..
- ဟုတ်တယ်..မင်းအတွက်ဆိုရင်ငါက.ငါကလေ.အဖြည့်ခံကြီးပဲဖစ်နေနေ..မင်းအနားမှာ အမြဲရှိနေပေးခဲ့လို့..ဘာလဲ မင်းက တန်းဖိုးမထားချင်ခဲ့တာလားး.ပြောပါ စူးရာမင်းပြော အခုဖြစ်တဲ့အရာတွေက မေ့ပစ်လိုက်ရအောင် ကလေးကစားနေတာ မဟုပ်ဘူး..စူးး အဲဒါမင်းသိလားး
ဝေယံ အရှိန်မပြင်းပေမဲ့လို့ စုပ်ကိုင်ထားတဲ့ စူးရဲ့ပုခုံးတို့အားး တွန်းလိုက်မိသည်ကြောင့် နောက်သို့အနဲငယ် ယိုင်သွားသော စူးသည်..ခေါင်းအား ငုံ့ထားလေသည်..
ထို့နောက်..
- တောင်းပန်ပါတယ်...
အသံကမတိုးမကျယ်သော အသံသည်..စူးဆီမှ ထွက်လာခဲ့သည်..ထိုစကားပဲလားး
စူးထိုစကားပဲပြောထွက်ခဲ့တယ်..သို့ပေမဲ့ သူ့ရင်ထဲမှာ ဘာတွေဖြစ်နေခဲ့မလဲဆိုတာ..ခင်ဗျားတို့ကြည့်ရုံနဲ့ မမြင်နိုင်ကြဘူးလေ..
သနားကောင်းလိုက်တဲ့ စူးရယ်...
- အဟင်းးတောင်းပန်ပါတယ်တဲ့လားး ဒါက ငါတို့ရဲ့ သံယောဇဥ်တွေကို ဖြတ်တောက်လိုက်တဲ့ မင်းရဲ့ နောက်ဆုံးစကားလားဟင်စူးး..ဟင့်အင်မဟုပ်ဘူးမလားး မပြောနဲ့ နောက်ဆုံးစကား ဆိုရင်..မပြောပါနဲ့ စူးး..မင်းကိုမေ့ပစ်ဖို့ မလွယ်လို့ပါ..
ပါးပြင်ပေါ်..အရည်ပူပူတို့ကကျဆင်းသွားသည်နှင့်အတူ..စူးအားကျောခိုင်းလိုက်သည်။
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
