part(1)

9.5K 232 0
                                        

Part - ( 1 )

မှောင်မိုက်နေတဲ့ အခန်းကျယ်တခုဝယ်...ကုတင်ပေါ်မှာ သံကြိုးကွင်းတို့ဖြင့်ချည်နှောင်ထားခံရသော ကောင်လေးတစ်ယောက်.နှင့်အတူ....
မဲမှောင်နေတဲ့ကြားမှ လမင်းရဲ့အလင်းကိုခိုရင်းးအရက်ခွက်တခွက် ကိုင်ကာ ထိုကုတင်ရဲ့ဘေးက ထိုင်ခုံ တွင် လဲလျောင်းနေသော ကောင်လေးကို ကြည့်နေခဲ့တဲ့ နောက်ထပ်ကောင်လေးတစ်ယောက်ရယ်...

ကုတင်ပေါ်မှ ကောင်လေး ဘာလို့ကြိုးချည်ခံရလဲ ခင်ဗျားတို့သိလားး???

ကျနော့ဆီက ထွက်ပြေးသွားမှာစိုးလို့လေ..အဟက်
တနည်းအားဖြင့်..ဘယ်မှထွက်မပြေးနိုင်အောင် ခြေထောက်တွေကို ချိုးထားတယ်ဆိုပိုမှန်မယ်...
အဟင်းးသိပ်ရီရသွားလားး No No  မရီရဘူးနော် ရက်စက်တယ်လို့ရော..ကျနော်မရက်စက်ပါဘူးး

ဘယ်လိုခေါ်လဲ မင်းသိရဲ့လား
မင်းသိတယ်မို့လားးဟင်
အချစ်လေ အဲ့ဒါအချစ်လို့ခေါ်တယ်...မင်းကိုစောက်ရမ်းချစ်လို့လေ...ဟားဟားားးဟားမင်းကို စောက်ရမ်းချစ်လို့ကွ.အဲဒါသိလား!!..အဟင့်ဟင့် ချစ်လို့ မင်းကိုချစ်လို့ပါ..အဟင့်ဟင့်ဟင့် ထွက်မသွားချင်စမ်းပါနဲ့..ကျေးဇူးပြုပီးအနားကထွက်မသွားပါနဲ့ကွာ..ချစ်တယ်..ငါမင်းကို ချစ်တယ် "....."

တိတ်ဆိပ်နေတဲ့ အခန်းကျယ်ထဲ စိတ်တွေ ဂရောက်ဂရက်ဖြစ်နေခဲ့သော ထိုကောင်လေးးရဲ့စကားတို့က သိပ်မူမမှန်ခဲ့...ရှေ့မှာရှိနေတဲ့ကုတင်ပေါ်က ကောင်လေး အသက်ရှုနေသေးလား မရှုတော့ဘူးဆိုတာ မသိနိုင်ပေမဲ့လို့ ထိုဖြစ်ရပ်ကို မျက်ရည်တွေကြားမှ လှပစွာပြုံးရီနေခဲ့သည့် တနည်းအားဖြင့် ထိုင်ခုံတွင် ခြေချိတ်ကာ ကုတင်ပေါ်က ကောင်လေးအား စူးစိုက်စွာ ကြည့်ရင်း စကားတွေတရစပ်ပြောနေခဲ့သည်မှာ...

................

Flashback.......

-  နားပါဦးကိုကိုရယ် မနက်ကတည်းက  ဘာမှမစားရသေးဘူးမလားး လာထိုင်အုံးး

ဆံပင် ခဲရောင်ဆိုးထားသော ကောင်ငယ်လေးတစ်ယောက် သူ၏ အစ်ကို့အားနားစေရန်လှမ်းခေါ်လိုက်သည်...
နေပိုင် ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပီး

~~~ Everything For You ~~ <completed>Where stories live. Discover now