သူ့ရှေ့ရောက်မှ အချစ်ကိုထုတ်ဖော်ပြနေဖို့မလိုသလို...ချစ်နေတယ်ဆိုတာတောင် အသိမခံချင်တဲ့လူစားမျိုးလား??
ငယ်ငယ်လေးကတည်းကအပယ်ခံဘဝထဲက ကြီးပျင်းလာခဲ့တော့..ပထမဦးဆုံးချစ်ခဲ့ရသူလို့ဆိုလို့ရမလားးဟင်..??ပထမရင်ခုန်သံ...ဟုတ်တယ်
ပထမရင်ခုန်သံမှာပဲ..သူတွေးခဲ့တယ်....ဒီတခါတော့ လက်မလွှတ်သင့်တော့ဘူးလို့
ကားနီထဲက စိုင်းညှို့တစ်ယောက် မျက်ဝန်းတို့က စူးစူးရဲရဲ ထိုရှေ့က ကောင်းလေးနှစ်ယောက်အား ကြည့်နေခဲ့သည်မှာ...
ချစ်မိခဲ့ရင် အဲလိုပဲ ခံစားရတာလား? ?
" အချစ်က လေးနက်လွန်းရင် ကြောက်စရာကောင်းတယ်ဆိုတာ ခလေး မင်းသိအောင် ကိုယ်ပြပေးမယ်လေ..အဟက်..."
- ဆွေးး...နောက်မှာ..!!
အချိန်မှီ ဆွေး ရှောင်လိုက်သည်ကြောင့်..ခြေခေါက်သွားပီး လမ်းဘေးတစ်နေရာ တွင်လဲကျသွားလေသည်...ကားရပ်ကာ..နောက်ကြည့်မှန်ထဲမှ ပုံရိပ်တခုကိုမြင်လိုက်တော့ စိုင်းညှို့ သူ..သူပြုံးလိုက်တယ်..
ကျေနပ်တယ်ဆိုတဲ့ အပြုံးလှလှလေး...
ဆွေးကိုထူရင်း ထွက်သွားတဲ့ကားအနီရောင်ကိုသာ မြင်လိုက်ပီး..ကားနံပတ်ပြားပါ နေပိုင် မှတ်မိလိုက်သည်..
- ရရဲ့လားဟင်ဆွေးး လမ်းလျှောက်နိုင်ပါ့မလားးခဏနေအူံး ငါ taxi ငှားလိုက်အုံးမယ်နော်...
ဆွေးခေါင်းငြိမ့်ပြလိုက်ရင်းးငှားလာတဲ့ taxi ပေါ်တက်လိုက်ခဲ့သည်...ထို့နောက် ဆေးခန်းဆီသို့....
- dr..ဆွေးရဲ့ခြေထောက်အခြေနေက စိုးရိမ်ရလားဟင်..
- စိုးရိမ်ရတယ်လဲမဟုပ်ပါဘူးးခြေဆစ်လွှဲသွားတော့ အိမ်မှာပဲ တစ်ပတ်လောက်နားစေချင်တယ်...
- အပိုင် ငါဘာမှမဖြစ်ပါဘူးကွ..အရမ်းကြီးမစိုးရိမ်ပါနဲ့..ငါအဆင်ပြေတယ်နော်...
ဆွေးအပြင်မှာသာ ပြုံးနေခဲ့ပေမဲ့..ခြေထောက်က ဒဏ်ရာက တကယ်တော့ နာနေခဲ့တယ်..နာနေတာတွေ အံတုပီး ချစ်ရသူ စိုးရိမ်နေမည်ဆိုး၍ ကြိတ်မှိတ်ကာ..သူဝေဒနါတွေကို ဖုံးဖိ ထားခဲ့သည်မှာ...
ESTÁS LEYENDO
~~~ Everything For You ~~ <completed>
Fantasíaဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
