ဆိုင်ရှေ့ထွက်ပြောနေကာ ရီမောရင်း ပိုင်တစ်ယောက် ဆွေး နှင့်စကားပြောနေသည်ကို အကွယ်နေရာ ထောင့်ကျကျ တစ်နေရာတွင် ကြည့်နေခဲ့သော..စိုင်းညှို့
အချိန်ကြာလေ..ရီမောနေသော ပိုင့်ရဲ့အပြုံးတို့ကြောင့် ကြည့်နေတဲ့စိုင်းညှို့ရဲ့မျက်နှာ ပိုမို ခက်ထန်လာသလားး...ဒါမှမဟုပ် ကျနော်တို့ပဲ မျက်လုံးမှားနေသလားး??
မမှားပါဘူးးခက်ထန်နေတဲ့မျက်နှာနှင့်အတူ..စိုင်းညှို့ရဲ့ခြေလှမ်းစတို့က..
- ညနေ ငါအလုပ်..
📱📱တီတီတီ
ပြောနေလက်စစကားတောင်မဆုံးလိုက်ပဲ..ပိုင့်ရဲ့ဖုန်းအားးနောက်ကနေ ဆွဲယူလိုက်ကာ..ချပစ်လိုက်တဲ့ စိုင်ညှို့ကြောင့်..
လန့်သွားတယ်ထင်..ပိုင်နောက်သို့.အမြန်လှည့်လိုက်တော့
- ခင်ဗျားဘယ်လို..အွန်းးး
ထိကပ်သွားတဲ့နှခမ်းနှစ်ခု....
- ဟယ်...
- ဝိုးးး
ဓာတ်ပုံရိုက်တဲ့သူရိုက်..အ့သြပီးရပ်ကြည့်နေကြတဲ့ ေဘးပတ်လည်မှ လူတချို့တို့ ၏အသံပေါင်းများစွာ...
- အွန်းးအွန်းး
သူ့ရဲ့လက်သီးသေးသေးလေးဖြင့် စိုင်းညှို့ရဲ့ရင်ဘတ်အားးထုရိုက်ကာ..တွန်းထုတ်နေပေမဲ့..အချည်းနှီးသာ...
ထိုဖြစ်ရပ်ကို လူထုတွေထဲမှ မျက်ရည်စတို့ရစ်ဝဲရင်းးကြည့်နေခဲ့တဲ့ ဆံပင် ခဲရောင် ကောင်းလေးတစ်ယောက်..
" ပေးဆပ်ပေးဖို့သင့်ရင် အခုချိန်မှာတော့ပေးဆပ်နိုင်သေးတယ်..တခုပဲ စူးအချစ်က ကျွမ်းနေပီဆိုရင်တော့..အဲ့ပေးဆပ်မှုက ယှဥ်ပြိုင်မှုတွေဖြစ်သွားမိမှာ..အဟင်းးကိုကိုဖြစ်နေခဲ့တာလားးစူးသိခဲ့မှာ..ကိုစိုင်းရဲ့ အချစ်ကိုခံရတဲ့ ကိုကို့ကို စူး con လုပ်ချင်ပါသေးတယ်..ဒါပေမဲ့ အလိုက်မသိဘဲ ဒီမျက်ရည်တွေက ထွက်ကျလာမှာလေ..ဝမ်းသာပါတယ်..ဝမ်းသာပါတယ်ကိုကို..စူးအရမ်းဝမ်းသာနေပါတယ်..ဟင့်င့်"
အတန်ကြာတော့ စိုင်းညှို့ လွှတ်ပေးလိုက်တော့သည်..မောမောဟိုက်နှင့် ရှူးရှူးရှဲရဲဲဖစ်နေတဲ့ပိုင်တစ်ယောက်..ဘေးပတ်လည်ကို ဝေ့ကြည့်မိတော့..သူတို့အားဝိုင်းကြည့်နေကြတဲ့ လူတစ်စုရယ်..
ထိုထဲမှ..သနားစရာမျက်ဝန်းတို့နှင့်အတူ ပါးပေါ်ကျနေတဲ့မျက်ရည်တို့ကိုလျစ်လျူရှုရင်းးပြူံးရီပြနေတဲ့ ကောင်လေးတစ်ယောက်အား..ပိုင်မြင်လိုက်သည်..
အစ်ကို ဖြစ်သူပိုင် မြင်သွားတာကြောင့် ပါးပေါ်ကျနေတဲ့မျက်ရည်တို့ကိုစူးသုပ်လိုက်ပီးးထိုလူထုထဲမှ တိုးထွက်လာခဲ့လိုက်တော့သည်...
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
