part(22)

2.6K 92 2
                                        

မှိန်ပြပြ မီးရောင်အောက်ဝယ်..အေးစက်နေသောကြမ်းပြင်ပေါ်တွင်.. ပျော့ခွေကာ လဲလျောင်းနေတဲ့ ကောင်လေးတစ်ယောက်ရှိနေခဲ့သည်
ထိုအခန်းကြီးက..ပိုင့်အတွက် ကြောက်စရာတခုသက်သက်ပဲ
ဥပမာ.အချုပ်ခန်းတွင် ပိတ်လှောင်ခံထားရတဲ့ သူ၏အဖြစ်ပါလားး
ပြတင်းပေါက်တို့ မရှိသည်မှာ ခက်ဗျားတို့မြင်နေရသည့်အတိုင်း
ဟိုးအပေါ်ဆုံးနံရံ တွင်သာ သံချောင်းလေးတွေဖြင့် ခြားထားတဲ့ အပေါက်လေးတခုသာသာ...
အခန်းလေးက လှပအောင် ပြင်ဆင်ထားပေမဲ့ တကယ်တော့ သိပ်ကြောက်စရာကောင်းနေခဲ့တယ်မို့လားးး

နှခမ်းသားတို့ ခြောက်ကပ်နေတယ်..အသားအရေ တို့သည် ဖြူဖက်ဖြူရော်နှင့်...ထိုကောင်လေး
အမှန်ဆို..သူထမင်းမစားခဲ့တာ..ဒီရက်နဲ့ဆို 5 ရက်တောင်ရှိသွားပီလေ....
ဒီဘဝကို စိတ်ကုန်နေခဲ့လို့ပဲလားး
ဒါမှမဟုပ်
ဆွေးလာခေါ်မဲ့ရက်ကို သူစောင့်နေခဲ့တာလား

လက်လေးတွေ လှုပ်ရှားလာပီးနောက်..
အားမရှိသည့် ခန္ဓာကိုယ်လေး နံရံအား အားယူရင်းထနေသည့် ပိုင်ကား သူတခုခုကို ရှာဖွေနေခဲ့တယ်....
နံရံ တွေကို လိုက်စမ်းနေသည့် ပိုင့်ရဲ့အပြုအမူက..ဘာကိုဆိုလိုနေသနည်းး??

သေချာသည်မှာ သူတခုခုရှာနေတယ်ဆိုတာ...

လိုက်ကာ တွေဖုံးထားတဲ့ နံရံ နောက်ကို သူစမ်းမိလိုက်တဲ့အခါ...
ပိုင့် ရဲ့မျက်နှာဝယ် အနဲငယ် ပျော်ရွှင်မှုကိုပြနေခဲ့တယ်
သူစဥွးစားမိခဲ့တာ..မိုးခက်
ဟုတ်တယ်....
မိုးခက် ဆိုသူ အမျိုးသမီးဝင်လာတုန်းက ထိုအပေါက်အား သူရှာနေခဲ့တာ
တွေ့ပီထင်ပါရဲ့..သူထိုခလုပ်လေးကို အားမရှိတဲ့ကြား နှိပ်လိုက်တဲ့အခါ...
ရွှေ့လျားလာတဲ့ ဗီရိုသည် ဘေးဘက်သို့ တရွှေ့ရွေ့..
ပွင့်သွားရာ ထိုအပေါက်ထဲသို့..
ပိုင် ရင်တထိတ်ထိတ် ဖြင့်နံရံ အားယူရင်း ဝင်လာခဲ့သည်...
သူမသိတာ ထိုအခန်းက စိုင်းညှို့အခန်းဆိုတာ...
အခန်းထဲရောက်တော့..
ဘေးပတ်လည် သူဝေ့ကြည့်နေခဲ့သေး
ပိုင် ကံကောင်းတယ်ပဲဆိုရမလားး...
ထိုအခန်းထဲတွင်...မည်သူမည်မျှ တစ်ယောက်မျှတောင်ရှိမနေခဲ့...ခင်ဗျားတို့မြင်လိုက်လားး
ပိုင် ပြုံးလိုက်တယ်လေ...

~~~ Everything For You ~~ <completed>Where stories live. Discover now