part(19)

2.2K 89 1
                                        

ကားထဲမှ..အနီရောင်ထီးတစ်လက်ဖြင့်ထွက်လာတဲ့သူက...

ပြုံးရယ်နေတဲ့ပိုင့်ရဲ့နှခမ်းတို့ထက်မှာ..ချက်ခြင်းဆိုသလို..အပြုံးတို့ကပြောက်ကွယ်သွားသည်။

မိုးရေတွေထဲမှ..ပိုင့်ဆီ စိုင်းညှို့လျှောက်လာကာ..ယူလာတဲ့ကုတ်အိင်္ကျီအား ပိုင့်ရဲ့ကိုယ်ပေါ်သို့လွှမ်းခြုံပေးလိုက်ရင်း

- ဒီမှာ ဘာလုပ်နေတာလဲပိုင် မိုးတွေရွာနေတယ်လေ

ပိုင့်ရဲ့မျက်နှာမှာ တင်းမာနေပုံ ကလွဲပီး ဘာအမူအရာမျှမရှိဘူးဆိုရမလားး..
ထို့နောက် သူ့အပေါ်ကို ခြုံပေးထားတဲ့ ကုတ်အိင်္ကျီကို ချွတ်ချလိုက်ကာ စိုင်းညှို့ရင်ဘတ်သို့ ပစ်ပေါက်လိုက်တဲ့ ပိုင်သည်..

- ထွက်သွား ငါမင်းကိုမမြင်ချင်ဘူးသွား

မိုးသံတွေကြားထဲမှ..ပိုင် စိတ်ရှိလက်ရှိအော်ပစ်လိုက်မိသည်
သို့ပေမဲ့..စိုင်းညှို့ထွက်မသွားတဲ့အပြင်..ထိုအိင်္ကျီကို ပြန်ခြုံ.ပေးလိုက်ပြန်တယ်..ပိုင့်ရဲ့ပုခုံးကို စိုင်ညှို့ဖြေးညင်းစွာကိုင်လိုက်ပီး

- ခြုံထားး မင်းအရမ်းအေးနေတာမို့လားး

စိုင်းညှို့ရဲ့စကားကြောင့် ကိုင်ထားတဲ့ ထီးလက်ကိုင်ကိုလွတ်ချလိုက်တဲ့အခါ...ပိုင့်ရဲ့မျက်နှာဝယ် မဲ့ပြုံးတချက်က လာရောက်ဟက်နေခဲ့သည်..
မိုးရေစက်တို့ မိမိကိုယ်ပေါ်ကျဆင်းရင်းး အေးနေပေမဲ့ စိုင်းညှို့ကို ရွဲ့ချင်တဲ့စိတ်တို့က ပိုင့်ဆီမှာ ပြည့်နှက်နေခဲ့သည်မှာ...ကိုယ်ပေါ်မှာခြုံပေးထားတဲ့ အိင်္ကျီကို ဖယ်ယူလိုက်ပီး..စိုင်းညှို့ရှေ့ ပိုင်ထောင်ပြလိုက်တဲ့အခါ...
ဘွက်အိုင်တွေထဲကျဆင်းသွားတဲ့...စိုင်းညှို့ရဲ့ ကုတ်အိင်္ကျီ လေးး

ထိုအခါမှ.မျက်မှောင်ကြုပ်သွားတဲ့ စိုင်းညှို့ရဲ့အကြည့်တွေက.. ထိုအိင်္ကျီလေးဆီမှာ...
သိပ်မကြာလိုက် ပိုင့်ဆီသို့ ခက်ထန်နေတဲ့အကြည့်စူးစူးတို့ရောက်လာခဲ့ပီး.ကိုင်ထားတဲ့ထီးနီလေးကို သူပါလွှတ်ချလိုက်မိ.တဲ့အထိ..ပိုင့်ရဲ့ပုခုံးအား တင်းကြပ်စွာစုပ်ကိုင်ထားရင်း

~~~ Everything For You ~~ <completed>Where stories live. Discover now