part(10)

2.5K 108 0
                                        

-ချစ်တယ်..ခင်ဗျားကိုချစ်နေတာဗျ သိသိရက်နဲ့ စူးအပေါ်တမင် များရက်စက်နေတာလားး ဖြေပါ ဒီမေးခွန်းကိုတော့ က်ုစိုင်းဖြေပေးလို့ရမလားး စူး အပေါ် ကိုစိုင်းလဲချစ်နေတယ်မို့လားဟင်..ဖြေပါ

-  ကိုယ်တို့ကသူငယ်ချင်းတွေလေ ကိုယ်မင်းအပေါ် သံယောဇဥ်ရှိတယ် ဒါပေမဲ့...

- ရပီ မပြောနဲ့တော့ ဒါပေမဲ့ရဲ့နောက်ဆက်တွဲကို စူး မသိချင်တော့ဘူးး ကိုစိုင်းသိလားး အဲ့နောက်ဆက်တွဲတွေမှာ နာကျင်မှုတွေပါလာမယ်ဆိုတာ..စူးနေခဲ့လို့..ကျေနပ်ပါတယ် ကိုစိုင်းဆီက သံယောဇဥ်ရှိတယ်ဆိုတာပဲကြားခဲ့ရုံနဲ့တင်..

စိုင်းညှို့ရဲ့ မျက်နှာလေးကို သူကြည့်ရင်း ပြန်ဖြေနေခဲ့တယ်..နာကျင်မှုတို့နှင့်အတူပဲဆိုရမလားး စူးရဲ့နှခမ်းတို့မှ ပြုံးရီလိုက်ပီးး ကိုစိုင်းကို ကျောခိုင်းကာ..ဟိုးအဝေးတနေရာသို့...

" တဖက်သတ် အချစ်ကိုနားမလည်လို့ မင်းကိုငြင်းလိုက်တာ မဟုပ်ဘူးကောင်လေးး ကိုယ်ကိုတိုင်တောင် တဖက်သတ် ချစ်နေတဲ့သူဆိုတာ မင်းကိုသိစေချင်မိပါရဲ့ အချစ်တခုကို ပိုင်ဆိုင်ရဖို့ ဘာတွေ​ေပးဆပ်သင့်လဲ အဲ့အထဲမှာ မျက်ရည်တွေပါ ပါခဲ့ရတယ်..တောင်းပန်တယ်ဆိုတဲ့စကားမင်းကိုပြောမထွက်ခဲ့ပေမဲ့ ပိုင်နဲ့ ငါတို့ရဲ့ကြားမှာ မင်းက ဓားစာခံ ဖြစ်ခဲ့ရတာမို့ ရင်ထဲက အကြိမ်ကြိမ်တောင်းပန်နေမိတယ်ဆိုတာ..."

.....

လိုက်ကာတွေကြားမှ နေရောင်ခြည်တို့ထိုးထွင်းလာသည်ကြောင့် ထောင့်တနေရာလေးမှာ တယောက်ရဲ့ရင်ခွင်ထဲ တယောက်ဝင်ကာ အိပ်ပျော်နေကြသည့်အထဲဝယ်...ဆွေးရဲ့မျက်လုံးတို့ ဖွင့်လာခဲ့သည်..ရင်ခွင်ထဲမှ အပစ်ကင်းစွာအိပ်ပျော်နေတဲ့ ကောင်လေးကို ငုပ်ကြည့်ရင်း ဆွေးပြုံးလိုက်လေသည်...

" ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေလဲအပိုင်..ဒီလိုသာ အိပ်ယာနိုးတဲ့အချိန် မင်းရဲ့မျက်နှာလေးသာ မြင်ခွင့်ရရင် ငါလေ..ငါသေပျော်ပီ..အရူးထတယ်ပဲပြောပြော ဒါတွေက မင်းကိုချစ်နေလို့ဆိုတာ...သိပ်ချစ်တယ်ဆိုတာထက် မင်းကိုပိုချစ်တယ် အပိုင်.."

~~~ Everything For You ~~ <completed>Où les histoires vivent. Découvrez maintenant