Part(2)

4.4K 171 2
                                        

ရုပ်တရက် ထွက်သွားတော့မှာကြောင့် စိုင်းညှို့ရဲ့ လက်ကိုကိုင်ထားပေမဲ့ ထိုအချိန်က စိုင်းညှို့စိတ်မကြ​ည်ခဲ့ဘူးလေ...
 
ခက်ထန်နေတဲ့မျက်နှာက ကိုင်ထားတဲ့လက်အားမျက်မှောင်ကျုံ့ကြည့်လိုက်ပီး

- လွှတ်လိုက်..

- ကျနော် ကိုစိုင်းနဲ့ထပ်တွေ့ချင်သေးတယ်..မနက်ဖန် ဒီကိုလာ အုံး..အ့.. ခွမ်!!

စောင့်တွန့်လိုက်တဲ့အရှိန်ကြာင့် စူး sofa ပေါ်ပစ်လဲကျသွားခဲ့ပီး ကိုင်ထားတဲ့ အရက်ခွက် မြေပြင်ပေါ်သို့ကျကွဲသွားခဲ့သည်...

- အပိုအလုပ်တွေ

စိုင်းညှို့ပြောပီးထွက်သွားတော့ စူးအားလူတချို့ ဝိုင်းကြည့်နေသည်ကို ခံနေရတာကြောင့် ထိုဘားထဲမှ အမြန်ဆုံး စူးပြေးထွက်လာခဲ့သည်...မျက်ရည်တွေကြားထဲမှသူလေ...
ပြန်လာတဲ့လမ်းတစ်လျှောက်လုံး ကားမောင်းရင်းနဲ့ စူး လေးနက်စွာ စဥ်းစားနေခဲ့တယ်..

⚡ အချစ်တခုကို မြင်မြင်ချင်းမှာပဲ ဖြတ်တောက်လို့ရနိုင်မလားး?? ⚡

ရနိုင်မယ်ထင်တယ် ဒါပေမဲ့ ဖြတ်တောက်လိုက်တဲ့အဲ့အချစ်တွေရဲ့အစမှာ ကျနော့ရဲ့မျက်ရည်တွေကနေ နိဒါန်းဖြစ်ခဲ့တယ်...
မြင်လိုက်ရတဲ့ခဏ အတွင်းလေး ရင်ခုန်လိုက်ရတဲ့အကြောင်းရင်းနဲ့ ဆက်စပ် မိလိုက်ရင် သေချာတယ် ကျနော် ကိုစိုင်းကို ချစ်နေမိပီ...
ချစ်တာကို အပိုအလုပ်လို့ သူတွေးရင်တွေးမယ် ဒါမဲ့ ကျ​ေနာ့အတွက်တော့ အချစ်က ဘဝပဲ
လူကြားထဲမှာတွန်းရက်တဲ့ကိုစိုင်းရဲ့အပြုမူကို ကျနော် မမုန်းပါဘူး တကယ်တော့ ကျနောပဲမှားခဲ့တာ နားလည်နိုင်သည်ထက်ပိုတဲ့ ကျနော့ရဲ့အချစ်တွေ ကိုစိုင်း ခင်ဗျားတနေ့တော့သိလာလိမ့်မယ်...

.....

အိမ်ထဲဝင်ဝင်ချင်းး

- ပြန်လာရင် ကြိုဖုန်းဆက်လို့ပြောတဲ့ဟာဂို ဒီခလေးလေးနဲ့တော့ ဟင်းးးမပြောချင်တော့ဘူး ခဏလေးစောင့် ကိုကို ဟင်းနွေးလိုက်အုံးမယ်

- နေတော့ ကိုကို စူး စူးဗိုက်သိပ်မစာတော့ဘူး ခေါင်းမူးနေလို့နာတော့မယ်

နေပိုင် စူးရဲ့နဖူးလေးအား လက်ဖြင့်အသာစမ်းလိုက်ပီး

- စူးး ကိုကို့ ကိုမှန်မှန်ပြော မင်းငိုထားတာလား

~~~ Everything For You ~~ <completed>Où les histoires vivent. Découvrez maintenant