- ဒီမှာစောင့်နေ သိပ်မကြာဘူးပြန်လာခဲ့မယ်..
ကားထဲမှ ထွက်သွားရန်ပြင်နေသော စူး ရဲ့လက်ကောက်ဝတ်အား စွဲကိုင်လိုက်သည့် ဝေယံ သည်
- လမ်းတစ်လျှောက်လုံး ငါမေးတာမင်းမဖြေသေးဘူးနော် စူး
- ဝေယံ
ငါအခုလာတာ ကိုဆွေးကိစ္စမေးရုံပဲ..စိတ်မပူနဲ့ အတက်နိုင်ဆုံးငါသူကိုမေ့နိုင်အောင်ကြိုးစားနေတယ်..စိတ်မပူပါနဲ့နော်
ဝေယံ ဘာမှမပြောခင်လေးမှာပင်
က်ုင်ထားတဲ့ ဝေယံ လက်ကို ပြန်အုပ်ကိုင်လိုက်ရင်း
- ငါပြန်လာခဲ့မယ် ခဏလေးပဲ
ကားထဲကထွက်သွားသော စူးအားငေးကြည့်ရင်း
" မေ့နိုင်အောင်ကြိုးစားနေတုန်းပဲရှိသေးတာလေ..အပီးပိုင် မေ့သွားသေးတာမှမဟုပ်တာ ငါစိတ်ပူတာ မဆန်းဘူးထင်တယ်စူးး"
........
ခြံထဲဝင်လိုက်သည်ကတည်းက အရင်ကထက် အေစာင့်တွေပိုများနေသလိုပဲ..
ဘာလို့လဲ လို့စူးစဥ်းစားနေမိသည်..
အထဲဝင်ဖို့ ပြင်လိုက်ပေမဲ့ တံခါးပေါက်တွင့် စောင့်နေသော အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်..
က စူးအား တားလိုက်သည်
- ဘာကိစ်စလဲ
- ကိုစိုင်းနဲ့တွေ့ဖို့ပေါ့ ကိုစိုင်းရှိတယ်မို့လား တံခါးဖွင့်
- အရှင်မရှိဘူး ပီးတော့ အရှင်ကဘယ်သူမှအဝင်ခံမှာမဟုပ်ဘူးကောင်လေး မင်းပြန်လိုက်တော့
- စူး ရောက်နေတယ်လို့ပဲပြောလိုက်ပါ ကိုစိုင်းသိပါတယ်
- အရှင်မရှိဘူးကောင်လေး မင်းပြန်တာကောင်းမယ်ထင်တယ်..ပြန်လိုက်တော့
စူးဘယ်လိုမှပြောလို့မရသည့်အဆုံး ပြန်လှည့်လာခဲ့ရသည်မှာ...
ကားပေါ်ရောက်တဲ့အထိ စူး စဥ်းစားနေခဲ့တယ်..ဒီနေ့ကထူးဆန်းနေတယ်လို့ပေါ့
- အဆင်ပြေလား
ဝေယံ မေးလိုက်ပေမဲ့ စူးခေါင်းသာခါပြမိလိုက်တော့သည်..
ထို့နောက် ကားလေးဝေးရာ ထွက်သွားသော ပုံရိပ် လေးအား အိမ်ကြီးပေါ်မှ ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ကာ အကြည့်စူးစူးတို့ဖြင့်ကြည့်နေခဲ့သော လူတစ်ယောက်...
ထိုလူကား မည်သူဆိုသည်မှာပြောစရာမလိုလောက်ပါ...စိုင်းညှို့ပဲမဟုပ်လား
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
