စူးဘယ်လိုမှပြောလို့မရသည့်အဆုံး ပြန်လှည့်လာခဲ့ရသည်မှာ...
ကားပေါ်ရောက်တဲ့အထိ စူး စဉ်းစားနေခဲ့တယ်..ဒီနေ့ကထူးဆန်းနေတယ်လို့ပေါ့

- အဆင်ပြေလား

ဝေယံ မေးလိုက်ပေမဲ့ စူးခေါင်းသာခါပြမိလိုက်တော့သည်..
ထို့နောက် ကားလေးဝေးရာ ထွက်သွားသော ပုံရိပ် လေးအား အိမ်ကြီးပေါ်မှ ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ကာ အကြည့်စူးစူးတို့ဖြင့်ကြည့်နေခဲ့သော လူတစ်ယောက်...
ထိုလူကား မည်သူဆိုသည်မှာပြောစရာမလိုလောက်ပါ...စိုင်းညှို့ပဲမဟုပ်လား

......

မှိန်ပြပြ မီးရောင်တစ်ခုနှင့် အပြာရောင်အခန်းကျယ်တစ်ခုဝယ် အေးစက်နေတဲ့ ထိုအခန်းကြီးက ပိုင့်တစ်ယောက်အတွက်တော့ သိပ်ကြောက်ဖို့ကောင်းနေသလားး
ကုတင်ခြေရင်း ချောင်ကျကျ နေရာတွင် ကုပ်ကုပ်လေး ထိုင်နေသူက ပိုင်ပဲလေ...
တညလုံး အိပ်ခဲ့ပုံမပေါ်...
ခင်ဗျားတို့နားထောင်ကြည့်...ဘာအသံကြားကြလဲ..
တိုးတိုးဖျော့ဖျော့ အသံလေးမှာ နားစွင့်ကြည့်ကြ..
ထိုအသံက..ပိုင့်ဆီမှ လာနေခဲ့မဟုပ်လားး

- ကြောက်တယ်...ဆွေးကယ်ပါ...

သူမသိချင်ယောင်ဆောင်နေခဲ့တာလားး ဒါမှမဟုပ် တမင်မေ့ပစ်ခဲ့တာပဲလားးး
ဆွေးက ဒီကမ္ဘာမှာမရှိတော့ဘူးလေ..သူမသိတော့ဘူးလားးဟင်...
ဒါပေမဲ့...ခုထိ သူစောင့်နေဆဲပဲလို့ ထင်နေပုံပဲ...

အနားမှာရှိခဲ့တုန်းက သူ့ရဲ့ယုယ မှုတွေလျစ်လျူရှုခဲ့လို့လားမသိဘူး ခု ကျနော်လေ..ပြန်ဝဋ်လည်နေသလိုလို..မင်းမှတ်မိသေးလား ငါမင်းကိုလိုအပ်နေတဲ့အချိန် သတိရပေးနေဆို...မင်းချက်ချင်းရောက်လာပေးမှာမဟုပ်ဘူးလား..အဟင်းးအဲဒါတွေက ငါအိမ်မက်မက်နေခဲ့တာလား ဟင်ဆွေးငါအိမ်မက် မက်နေခဲ့တာလားး အဲဒါတွေက အဲဒါတွေက တကယ်မဟုပ်ခဲ့ဘူးပေါ့...သိပ်ရီရပါတယ်ဆွေး မင်းရဲ့စကားတွေက တကယ်တော့ မင်းနဲ့အတူ လေထဲ ပါသွားပီထင်ပါရဲ့..ငါ့ဆီတောင် ယောင်လို့ ရောက်မလာခဲ့ဘူးး...တချိန်မင်းပြန်လာမှာပါလားဆိုပီး ငါစောင့်နေတယ်...တချိန် မင်းငါ့ကို ဒီအေးစက်နေတဲ့အခန်းကြီးထဲကနေ လာကယ်မယ့်အချိန်ကိုလဲစောင့်နေတယ်..ပီးတော့ မင်းငါ့ကိုလာခေါ်မဲ့အချိန်ထိ ငါဒီအခန်းကြီးထဲမှာ..အထီးကျန်စွာ...
ဆွေးးးမင်းကိုစောင့်နေဆဲ.....

~~~ Everything For You ~~ <completed>Where stories live. Discover now