- အဟက် အဲကောင်က မင်းဘဝအတွက်အဲ့လောက်တောင်အရေးပါသွားတာလား...မင်းအရမ်းမုန်းတဲ့ငါ့ကိုတောင် မာန တွေအပျတ်ခံပီးတောင်းပန်နေတယ်ဆိုတော့...အိုး မိုင် ဂေါ့...ပိုင် မင်းကတကယ့်ကို အချစ်ရူး ရူးနေတာပဲ..ဟားဟားဟား တောင်းပန်ရမယ်..ဟုတ်တယ် မင်းဒီထက် ငါ့ကိုပိုတောင်းပန်ရမယ်...
- ငါ့ကိုလွှတ်ပေးပါ..
- ဘာ..ဘာရယ် ဘာရယ် ငါမကြားလိုက်တာလား နားကြားများမှားသွားသလား
- တောင်းပန်ပါတယ် စိုင်းညှို့ရှင် ငါ့ကိုလွှတ်ပေးပါ..
- အဟက်..တကယ်တော့ နားကြားမှားတာမဟုပ်ဘူးပဲ..စိတ်မပူနဲ့ မင်းသေသွားရင်တောင်ငါက ငါ့အနားမှာ မင်းကို ထားထားအုံးမှာ..မင်းက အခုငါ့အပိုင် ဖြစ်သွားပီလေ..အဟင်း
- လူယုတ်မာ...မုန်းတာထက် ပိုတယ် လူယုတ်မာကြီးရဲ့...မင်းလုပ်ရက်တွေက တော်တော်ရွံ့ဖို့ကောင်းနေတယ်ဆိုတာရော မင်းသိလားး
စိုင်းညှို့ ဟန်ဆောင်ပြုံးပြလိုက်ရင်း
- ကိုယ့်သိတယ် ဒါပေမဲ့ ေနာက်တစ်ခါ အပစ်တွေပြောဖို့အတွက် မင်းလေးအားရှိဖို့လိုတယ်မို့လား လာ ဂဏန်းစွပ်ပြုပ်လုပ်ထားတယ်..ကိုယ်ခွန့်တိုက်မယ်...
စိုင်းညှို့ ပိုင့်ရှေ့ထိုင်လိုက်ပီး စွပ်ပြုပ်သောက်ရန် ပါးစပ်နား ေတ့ပေးလိုက်တော့..
ပန်းကန်ကို တွန်းပစ်လိုက်သည့် ပိုင့်ရဲ့ အပြုအမူကြောင့် ပိုင့်ကို လက်ရွယ်လိုက်တဲ့ စိုင်းညှို့သည်..မျက်ခုံးနှစ်ခုထိစပ်လုနီးနီး...သို့ပေမဲ့ လက်တို့က လေထဲတွင်သာ ရပ်တန့်နေခဲ့တယ်...သူမရိုက်ရက်ဘူးလေ...သူမလုပ်ရက်ခဲ့တာ...
- ရိုက်မလို့မလား မင်းလုပ်လိုက်ပါ ပီးရင် တခါထဲသတ်ပစ်လိုက်..
- တောက်..!!
တောက်ခေါက်လိုက်သည့်စိုင်းညှို့...မတ်တပ်ရပ်လိုက်ရင်း သူထွက်သွားရန်ပြင်လိုက်တော့သည်။
- စိုင်းညှို့ရှင်
ပိုင့်ရဲ့ ခေါ်သံလေးကြောင့် ထွက်သွားတော့မည့် ခြေလှမ့်းတို့ တွန်ဆုပ်သွားသည်
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
part(21)
Start from the beginning
