နှခမ်းတဖက် တွန်းကွေးရင်း ဖြစ်ထားတဲ့ ပိုင့်ရဲ့ပါးကို လွှတ်လိုက်ပီး ထရပ်လိုက်တဲ့ စိုင်းညှို့သည်..အဝတ်ဗီရိုထဲမှ အိင်္ကျီတစ်ထည် ကို ထုတ်လိုက်ပီး ပိုင့်ရှေ့ ဖြန့်ပြလိုက်သည်..
ထို အိင်္ကျီကပိုင်နဲ့ ဘယ်လိုတွေသက်ဆိုင်နေလို့လဲ?

- ပိုင်..မင်းကြည့်လိုက်....ဒီအိင်္ကျီကို..

မော့လာတဲ့ ပိုင့်ရဲ့မျက်နှာလေးသည်..ထိုအိင်္ကျီလေးကို..ကြည့်နေမိသည်မှာ...
မထင်မှတ်ပဲ..သူ၏မျက်နှာဝယ် ဝမ်းနည်းရိပ်တို့က သမ်းလာပုံ..ထို့နောက်..ဖင်တရွှေ့ရွှေ့ ရွေ့လာတဲ့ ပိုင့်ရဲ့ကိုယ်လေးနှင့်အတူ ထိုအိင်္ကျီကို သူအားပေးရန် ကမ်းပေးနေသော လက်တစ်ဖက် သည်ကား..

- ဆွေးး...ဆွေး...

လက်ထဲမှာ အဆင်သင့်ကိုင်ဆောင်ထားတဲ့ ကပ်ကြေးတို့သည်..ထို့အိင်္ကျီလေးအပေါ်..အပိုင်းပိုင်း ဖြတ်တောက်နေသူက..စိုင်းညှို့ရှင်ပဲမဟုပ်လား
ခင်ဗျားတို့ မှတ်မိသေးကြမယ်ထင်ပါရဲ့..
toilet ထဲတွင်ပျောက်သွားခဲ့တဲ့
ဆွေးပေးခဲ့တဲ့ မွေးနေ့လက်ဆောင် တီရှပ်အဖြူလေးသည်..အခုမြင်နေရတဲ့အတိုင်း စိုင်းညှို့ဖျတ်ဆီးနေခဲ့သည့် အိင်္ကျီအဖြူလေး မဟုပ်လားး

ကော်ဇောပေါ်သို့ တစတစ ကျနေတဲ့ အပိုင်းအစတွေသည် ပိုင့်ကိုနာကျင်စေသည်မှာ...
စိုင်းညှို့ မသိခဲ့တာလားး
သိနေရက်ဖြင့် လုပ်နေခဲ့တာလားပဲ...
သေချာသည်ကတော့..ပိုင့်နာကျင်ရအောင် သူတမင်လုပ်နေခဲ့တာ...

- အဟင့်ဟင့်ဟင့်..မလုပ်ပါနဲ့..ဆွေးကိုမလုပ်ပါနဲ့..ဟင့်ဟင့်ဟင့် တော်ပါတော့..တောင်းပန်ပါတယ် စိုင်းညှို့ရှင်..အဟင့်ဟင့်ဟင့်

- ဟားဟားဟား ဟားဟားဟားဟားဟား တောင်းပန်ပါတယ် ??

ပိုင့်ရဲ့စကားကို ဟားတိုက်ရယ်နေတဲ့ စိုင်းညှို့သည် မေးမော့ရင်း လှောင်ပြောင်နေသလို..
သို့ပေမဲ့ သူ့ရဲ့မျက်ခမ်းစက်နားတွေမှာလားး
နီမြန်းပီး အရည်လေးတွေစို့တက်နေတယ်...ဒါသူငိုချင်နေခဲ့တာ..ဟင့်အင် ပိုင့်ရှေ့ သူမငိုမိအောင် ကိုယ့်ကိုကိုယ် ဟားတိုက်ရယ်လိုက်တာ..ဒါထိန်းချုပ်နည့းတမျိုးပေါ့...

~~~ Everything For You ~~ <completed>Where stories live. Discover now