ယူလာတဲ့ ထမင်း ဟင်းတွေကို စားပွဲပေါ်ချလိုက်ရင်း

- ထမင်းစားမယ် ပိုင် ကိုယ်မင်းအတွက် မင်းကြိုက်တတ်တဲ့ ဂဏန်းစွပ်ပြုပ် ကိုယ်ကိုယ်တိုင်လုပ်လာတာ...မင်းအားရှိဖို့လိုတယ်လေ..

ပိုင့်ဆီမှ တုန့်ပြန်သံမကြားရ တော့ ချောက်တွင်ကပ်နေတဲ့ ပိုင့်ဆီ..ခြေလှမ်းတို့ တလမ်းချင်းဆီ..
ထို့နောက် ပိုင့်ရှေ့ထိုင်ချလိုက်ပီး ပုခုံးလေးကို ဖြေညင်းစွာ လှုပ်ရမ်းလိုက်သည်

- ထမင်​းစားမယ်လေ ပိုင်နော် မင်းညကတည်းက ဘာမှမစားရသေးဘူးမို့လား လာ ကိုယ်ခွန့်မယ်..

- ဟင့်အင် ကြောက်တယ် ကယ်ပါ ငါ့ကိုကယ်ပေးပါ ဆွေး ငါကြောက်တယ်..

အသံဖျော့ဖျော့လေးဂိုမှ နှစ်ကိုယ်တူကြားနိုင်သလောက် အသံလေးး ဒါ ပိုင့်ရဲ့အသံလေ....
စိုင်းညှို့ရှေ့ ဆွေးလို့တောင်းတမိလိုက်တဲ့ပိုင့်အတွက်တော့..စိုင်းညှို့ရဲ့ ဒေါသကို သူမသိလေခဲ့လေသလား...
မျက်နှာ ခက်ထန်သွားတဲ့ စိုင်းညှို့သည် ပိုင့်ရဲ့ပုခုံးကိုစုပ်ကိုင်ထားသည် လက်တို့က တင်းသထက် တင်းကြပ်စွာ စုပ်ကိုင်ထားမိရင်း ထိုအချိန်ထိ သူ့အားမကြည့်သေးတဲ့ ပိုင့်ရဲ့ မျက်ဝန်းညိုတို့ကြောင့် စိတ်တို့က အနဲငယ် လွှတ်ချင်သလိုလို...

- အားးး ကယ်ပေးပါ...ငါကြောက်တယ် ဆွေးး အားး

သူနာနေပီ..သို့ပေမဲ့ သူစိုင်းညှို့ကို မကြည့်ခဲ့ဘူး. ..နာနေမှန်းသူသိပေမဲ့ သူ့ရဲ့ အမှောင်ကမ္ဘာဘက်ကနေရုန်းမထွက်နိုင်ဘူးဖြစ်နေသလိုလို...
မျက်ရည်တို့က ကျဆင်းနေသည်ကားပိုင့်ရဲ့ နာကျင်နေမှုကို ပြနေခဲ့တာမလားး

- မမေ့နိုင်သေးဘူးလားးအဲကောင်ကို အသက်ရှင်နေတုန်းက..မင်းကို ငါ့ဆီကလုယူသေးတယ်..အခု သေပီးတော့လဲ မင်းအတွေးတွေက အဲကောင်ဆီမှာပဲလားး

- အွန်းးအွန်းး

ပိုင့်ရဲ့ ပါးကိုဖြစ်ညစ်ထားတဲ့ စိုင်းညှို့ရဲ့လက်တွေသည်..အလွန်ကြမ်းတမ်းနေသလားး..
ဒါတောင် သူလိုချင်နေတဲ့ မျက်ဝန်းညိုတွေသည် သူ့ဆီပြန်မလာခဲ့...

- မင်းအမြဲတွေးနေတဲ့သူက ငါပဲဖစ်နေ.ရမယ်ပိုင်..မင်းမုန်းနေတဲ့သူကလဲ ငါပဲဖြစ်နေရမယ်..မင်းပြုံးခဲ့ရင်လဲ ငါကြောင့်ပဲဖြစ်နေစေရမယ်..မင်းမျက်ရည်ကျခဲ့ရင်တောင် ငါကြောင့်ပဲဖစ်​ေနစေချင်တာ..ပိုင် မင်းသိလား ငါကြောင့်ပဲမင်းကိုနာကျင်စေချင်တာ...ဒါက ငါ့ကိုနှစ်တွေအကြားကြီး ပစ်ထားခဲ့တဲ့ မင်းရဲ့ပစ်ဒဏ်ပဲ...

~~~ Everything For You ~~ <completed>Where stories live. Discover now