......

မှိန်ပြပြ မီးရောင်တစ်ခုနှင့် အပြာရောင်အခန်းကျယ်တစ်ခုဝယ် အေးစက်နေတဲ့ ထိုအခန်းကြီးက ပိုင့်တစ်ယောက်အတွက်တော့ သိပ်ကြောက်ဖို့ကောင်းနေသလားး
ကုတင်ခြေရင်း ချောင်ကျကျ နေရာတွင် ကုပ်ကုပ်လေး ထိုင်နေသူက ပိုင်ပဲလေ...
တညလုံး အိပ်ခဲ့ပုံမပေါ်...
ခင်ဗျားတို့နားထောင်ကြည့်...ဘာအသံကြားကြလဲ..
တိုးတိုးဖျော့ဖျော့ အသံလေးမှာ နားစွင့်ကြည့်ကြ..
ထိုအသံက..ပိုင့်ဆီမှ လာနေခဲ့မဟုပ်လားး

- ကြောက်တယ်...ဆွေးကယ်ပါ...

သူမသိချင်ယောင်ဆောင်နေခဲ့တာလားး ဒါမှမဟုပ် တမင်မေ့ပစ်ခဲ့တာပဲလားးး
ဆွေးက ဒီကမ္ဘာမှာမရှိတော့ဘူးလေ..သူမသိတော့ဘူးလားးဟင်...
ဒါပေမဲ့...ခုထိ သူစောင့်နေဆဲပဲလို့ ထင်နေပုံပဲ...

အနားမှာရှိခဲ့တုန်းက သူ့ရဲ့ယုယ မှုတွေလျစ်လျူရှုခဲ့လို့လားမသိဘူး ခု ကျနော်လေ..ပြန်ဝဋ်လည်နေသလိုလို..မင်းမှတ်မိသေးလား ငါမင်းကိုလိုအပ်နေတဲ့အချိန် သတိရပေးနေဆို...မင်းချက်ချင်းရောက်လာပေးမှာမဟုပ်ဘူးလား..အဟင်းးအဲဒါတွေက ငါအိမ်မက်မက်နေခဲ့တာလား ဟင်ဆွေးငါအိမ်မက် မက်နေခဲ့တာလားး အဲဒါတွေက အဲဒါတွေက တကယ်မဟုပ်ခဲ့ဘူးပေါ့...သိပ်ရီရပါတယ်ဆွေး မင်းရဲ့စကားတွေက တကယ်တော့ မင်းနဲ့အတူ လေထဲ ပါသွားပီထင်ပါရဲ့..ငါ့ဆီတောင် ယောင်လို့ ရောက်မလာခဲ့ဘူးး...တချိန်မင်းပြန်လာမှာပါလားဆိုပီး ငါစောင့်နေတယ်...တချိန် မင်းငါ့ကို ဒီအေးစက်နေတဲ့အခန်းကြီးထဲကနေ လာကယ်မယ့်အချိန်ကိုလဲစောင့်နေတယ်..ပီးတော့ မင်းငါ့ကိုလာခေါ်မဲ့အချိန်ထိ ငါဒီအခန်းကြီးထဲမှာ..အထီးကျန်စွာ...
ဆွေးးးမင်းကိုစောင့်နေဆဲ.....

- ကျွီ🚪

ဖွင့်လာတဲ့ တံခါးပေါက်နှင့်အတူ လက်ထဲ၌ လင်ဗန်းတစ်ခု ပါလာခဲ့ရင်း ပြုံးရီနေတယ့် စိုင့်ညှို့ရဲ့နှခမ်းတို့က ကျေနပ်ပီတိ မှုကိုဖြစ်နေစေခဲ့သည်..
သူပျော်နေတာ..
တနည်အားဖြင့်
သူ့ရဲ့အနားမှာ ပိုင့်အမြဲနေသွားရပီးဆိုလို့ သူအပျော်ကြီးပျော်နေတာ....ဒီအပျော်တွေကရော..ဘယ်အချိန်ထိ တောင့်ခံနိုင်အုံးမှာလဲ...ရေရေရာရာမသိပေမဲ့...ဒီအပျော်က ခဏတာသက်သက်ဖြစ်လာခဲ့တယ်ဆိုတာ...
စိုင်းညှို့ မသိခဲ့သလားး??

~~~ Everything For You ~~ <completed>Where stories live. Discover now