ပိုင့်ရဲ့ ကိုယ်လေးကို ကောက်ပွေ့လိုက်ပီး ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်..

- မင်း ဘာလုပ်မလို့လဲ ငါ့အသားကို မင်းထိစရာမလိုဘူး..စိုင်းညှို့ရှင်

- ဘာလဲ..မင်းက ဟိုကောင်ရဲ့အထိတွေ့ကို စွဲလမ်းနေတာလား

- မင်းး!!

- အရမ်းခါးသီးမနေနဲ့ ကိုယ်တို့တွေ လက်ထပ်ပီးသွားပီ..အခုမင်းက ကိုယ့်အပိုင်ဖြစ်နေပီပိုင်..

- ဘာ....

- မင်းထူးဆန်းနေတယ် မထင်ဘူးလားပိုင် ကိုယ်ဒီနေ့ မင်းနဲ့ဆင်တူ အဖြူရောင် ဝတ်ထားတယ်လေ..ဒီမှာ..ကိုယ်တို့ရဲ့ မဂ်လာလက်စွပ်..

လက်ထောင်ပြကာ လက်သကြွယ်မှ P ဆိုပီးထွင်းထားတဲ့ ပလတ်တီနမ် လက်စွပ်လေးအား ပိုင့်ကို ပြလိုက်အပီး..

- မင်းနဲ့ ကိုယ်ရွေးထားတဲ့ လက်စွပ်လေးနဲ့ အရမ်းလိုက်တယ်...

ပြောကာမှ မိမိလက် ပြန်ကြည့်မိတဲ့အခါ S သဏ္ဏာန်လက်စွပ်ကို တွေ့လိုက်ရတော့..ပိုင် ဒေါသတို့က..
လက်စွပ်ကို အသဲသန် ချွတ်နေလိုက်ကာ..

- အဲဒါ မင်းအပိုင်းပဲ..ငါခံယူထားတာမဟုပ်လို့ မင်းနဲ့ငါ ခုချိန်ထိ တစိမ်းတွေပဲ..စိုင်းညှို့ရှင်

- ဆွေးလဲ သေသွားပီ...နောက်ဘယ်သူရှိသေးလဲ.သြော်..မင်းရဲ့အချစ်ဆုံးညီ..စူး ဟုတ်တယ် စူးကျန်သေးတာပဲ..

- မင်း!!

- အဟင်းး လက်စွပ်ကိုဆက်မချွတ်နဲ့တော့...ကိုယ်ပြောတာ နားထောင်ရင် စူး ဘာမှမဖြစ်စေရဘူး
ဒီနေ့တော့ မင်းနားလိုက်ပါ ကိုယ်မင်းကိုဘာမှမလုပ်သေးဘူး

ပြောပီးသည်နှင့် အခန်းထဲက ထွက်သွားတဲ့ စိုင်းညှို့ရဲ့နောက်ကျောအား နာနာကျည်းကျည်း အကြည့်တို့က ကပ်ပါသွားခဲ့သည်...
ဒူးထောင်ရင်း ခေါင်းငုံ့ကာ ငိုယိုနေခဲ့တဲ့ ကောင်လေးသည်...သူ့ရင်ထဲမှာ ဒဏ်ရာဒလပွဖြင့်...

" အချိန်လွန်မှ မှားသွားမှန်းသိခဲ့ရတယ်...အနားမှာရှိပေးတုန်းက သူ့ကို ချစ်ပေးခဲ့သင့်တာ..အခု ကျနော် နောင်တတွေက ရင်ထဲမှာ အပြည့်အညှက်...အတိတ်ကိုပြန်သွားလို့ရရင် ကျနော်လေ သူ့ကိုဖတ်ထားမိအုံးမှာ...အခုသူအရင်ထွက်သွားလေသည်မှာ..ဒီလောကထဲ ကျနော့ကို ဒဏ်ရာတွေနဲ့ထားခဲ့သလားပဲ..ဆွေး မင်းကိုခွင့်မလွှတ်ချင်ဘူး ဘာဖြစ်လို့လဲလို့မမေးနဲ့..ငါ့ကိုချစ်တတ်ခဲ့အောင်သင်ပေးပီး..မင်းအရင်ဒီလောကထဲကထွက်သွားခဲ့တာ..ခွင့်လွှတ်ပေးဖို့လိုလို့လားး မင်းရက်စက်တယ်.ဆွေး..ငါမင်းကိုချစ်တယ်ဆိုတဲ့အကြောင်းလေးတော့ ပြောပြချင်ခဲ့တာ..
အခုတော့..
သူက အော်လဲမကြား.ခေါ်လဲမလာနိုင်တော့တဲ့
ကမ္ဘာတစ်ခုဆီကိုရောက်သွားခဲ့ပီလေ..ဒါကအရမ်းကြေကွဲဖို့ကောင်းနေတယ်မဟုပ်လားးဟင်
ကျနော့မှာတော့..မျက်ရည်တွေက ရွှဲနေခဲ့ပီ...
မင်းရော...ငါလိုပဲလားဆွေးးရယ်"

Coming Soon Part - 21

#HSU

~~~ Everything For You ~~ <completed>Where stories live. Discover now