စိုင်းညှို့ ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ကာ..ပိုင့်ဆီ ခြေလှမ်းတို့က...
ထို့နောက် ကုတင်စွန်းတွင်ဝင်ထိုင်လိုက်ပီး
အိပ်ပျော်နေတဲ့ ပိုင့်ရဲ့မျက်နှာလေးကို သူ့ရဲ့လက်ချောင်းလေးတွေဖြင့်..ထိတွေ့နေခဲ့တယ်...

- ကိုယ့်အတွက် အမြဲအိပ်ပျော်ပေးပါလားပိုင် မင်းက အိပ်နေရင် အရမ်းကြည့်လို့ကောင်းလို့..

ပိုင့်ရဲ့ ပါးပြင်လေးပေါ် ကျရောက်လာတဲ့စိုင်းညှို့ရဲ့နှခမ်းတစ်စုံ...

- ဟုတယ်..အိပ်ပျော်နေတဲ့မင်းဆီကနေ အမုန်းစကားတွေထပ်မကြားရတော့ဘူးပေါ့...အဟင်းး

စိုင်းညှို့ပြုံးလိုက်ပီး..စားပွဲပေါ်တင်ထားတဲ့ ဝိုင်နီ ခွက်ကိုယူကာ တဂျိုင့် သောက်လိုက်ရင်း

- အမြန်ထလာတော့ ခလေးလေး..အချိန်ရှိတုန်း ကိုယ်တို့ရဲ့ပွဲလေး ကျင်းပ ကြမယ်လေ..

........

- ဘယ်တွေ သွားနေကြတာလဲမသိဘူး ဆိုင်ကြီးပိတ်ထားတယ်...

ဆိုင်ရှေ့ရောက်တော့ ဆိုက်ကပိတ်ထားသည်ကြောင့် စူး တစ်ယောက်ထဲပြောနေမိသည်..ထို့နောက် ဆိုင်ရှေ့မှ ထွက်လာခဲ့ရင်း တစ်လမ်းလုံးစဉ်းစားနေခဲ့တာ...

" ညနေပဲရှိသေးတယ် ဆိုင်ကအစောကြီးပိတ်ထားပါလားး..ကိုကို ကရောဘယ်မှာလဲ..ကိုဆွေးလဲ ဘယ်ရောက်နေတာပါလိမ့်..နေအုံး ဖုန်းဆက်ကြည့်လိုက်အုံးမယ်.."

စူးဖုန်းထဲမှ ကိုဆွေး ဆိုသည့် contect အားနှိပ်လိုက်တော့...

- လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာစက်ပိတ်ထားပါသောကြောင့် ခေါ်ဆို၍မရ...

- ဘာလို့ပိတ်ထားတာလဲ...

နောက်တစ်ဖုန်းကိုခေါ်တော့လဲ စက်ပိတ်ထားတာကြောင့်..ပိုင့်ကိုခေါ်ကြည့်ရန်နှိပ်ဖို့ကြံရွယ်လိုက်ပေမဲ့..လက်တို့က ရပ်တန့်သွားခဲ့သည်...

" ငါခေါ်တော့ရော သူကကိုင်မှာမှမဟုပ်တာ...သူလဲ ငါ့ကို မေ့နေလောက်ရောပေါ့ ငါက သူ့ညီအရင်းမှမဟုပ်ပဲ.."

စူး ပိုင့်ရဲ့ဖုန်းကိုမနှိပ်တော့ပဲ ဘေးက ဆိုင်ထဲသို့ဝင်သွားလိုက်သည်..ဆိုင်ရှေ့မှာရပ်နေတဲ့ ဝန်ထမ်းကောင်မလေးကို တွေ့တော့

~~~ Everything For You ~~ <completed>Where stories live. Discover now