ပြောပီးသည်နှင့် အခန်းထဲက ထွက်သွားတဲ့ စိုင်းညှို့ရဲ့နောက်ကျောအား နာနာကျည်းကျည်း အကြည့်တို့က ကပ်ပါသွားခဲ့သည်...
ဒူးထောင်ရင်း ခေါင်းငုံ့ကာ ငိုယိုနေခဲ့တဲ့ ကောင်လေးသည်...သူ့ရင်ထဲမှာ ဒဏ်ရာဒလပွဖြင့်...

" အချိန်လွန်မှ မှားသွားမှန်းသိခဲ့ရတယ်...အနားမှာရှိပေးတုန်းက သူ့ကို ချစ်ပေးခဲ့သင့်တာ..အခု ကျနော် နောင်တတွေက ရင်ထဲမှာ အပြည့်အညှက်...အတိတ်ကိုပြန်သွားလို့ရရင် ကျနော်လေ သူ့ကိုဖတ်ထားမိအုံးမှာ...အခုသူအရင်ထွက်သွားလေသည်မှာ..ဒီလောကထဲ ကျနော့ကို ဒဏ်ရာတွေနဲ့ထားခဲ့သလားပဲ..ဆွေး မင်းကိုခွင့်မလွှတ်ချင်ဘူး ဘာဖြစ်လို့လဲလို့မမေးနဲ့..ငါ့ကိုချစ်တတ်ခဲ့အောင်သင်ပေးပီး..မင်းအရင်ဒီလောကထဲကထွက်သွားခဲ့တာ..ခွင့်လွှတ်ပေးဖို့လိုလို့လားး မင်းရက်စက်တယ်.ဆွေး..ငါမင်းကိုချစ်တယ်ဆိုတဲ့အကြောင်းလေးတော့ ပြောပြချင်ခဲ့တာ..
အခုတော့..
သူက အော်လဲမကြား.ခေါ်လဲမလာနိုင်တော့တဲ့
ကမ္ဘာတစ်ခုဆီကိုရောက်သွားခဲ့ပီလေ..ဒါကအရမ်းကြေကွဲဖို့ကောင်းနေတယ်မဟုပ်လားးဟင်
ကျနော့မှာတော့..မျက်ရည်တွေက ရွှဲနေခဲ့ပီ...
မင်းရော...ငါလိုပဲလားဆွေးးရယ်"

Coming Soon Part - 21

#HSU

Zawgyi:part(20)

- ခြေရာလက်ရာတောင်မကျန်မိစေနဲ့..မင်းတို့သွားလို့ရပီ

စိုင်းညှို့ ဖုန်းပြောအပီးတွင် ပိုင့်ဆီသို့ရောက်လာခဲ့ခြင်းဖြစ်သည်...

............

အပြာရောင် အခန်းကျယ်ကြီးထဲ ပိုင်တစ်ယောက်နောက်တစ်ကြိမ်ထပ်ရောက်လာခဲ့ပြန်သည်..
နှင်းဆီအပွင့်အဖတ်တွေဖြန့်ခင်းထားတဲ့ ထိုအနီရောင်ကုတင်ကြီးပေါ်ဝယ်..အဖြူရောင် ဝမ်းဆက် ဝတ်ထားရင်းလဲလျောင်းကာ အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက် ရှိခဲ့သည်
သိပ်ထူးဆန်းနေလား...ပြတင်းပေါက်မှာကျောပေးရင်းရပ်နေတဲ့သူက...ခင်ဗျားတို့မြင်နေကြတဲ့အတိုင်း သူက အနီရောင်ဝတ်စုံနှင့်မဟုပ်တော့ဘူး
အဖြူရောင်ဝမ်းဆက် နဲ့ဗျ...
ဒါက နဲနဲတော့ထူးဆန်းနေတယ်မဟုပ်ဘူးလားး

~~~ Everything For You ~~ <completed>Where stories live. Discover now