- မင်းဆွေးကို သတ်လိုက်လို့ ငါ့အချစ်ကိုရပီးလို့မထင်လိုက်နဲ့..ဆွေးကို မြေမြှုပ်လိုက်ကတည်းက ငါ့အချစ်တွေက အဲ့မြေကြီးထဲမှာပါသွားပီစိုင်းညှို့ရှင်..မုန်းတယ် မင်းလို ယုတ်မာတဲ့ လူမျိုးက ငါ့အတွက်နတ်စိုး တစ်ကောင်လိုပဲ..မင်းနဲ့ မတွေ့ခဲ့သင့်ဘူးး

စိုင်းညှို့ မတ်တပ်ထရပ်လိုက်ပီး

- ယုတ်မာတာလားး မင်းအချစ်ကို ရဖို့ ယုတ်မာတယ်တဲ့လား..ပိုင် ဒါယုတ်မာတယ်လို့ မခေါ်သေးဘူး..

ပိုင့်ရဲ့ ပုခုံးကိုစုပ်ကိုင်လိုက်ရင်း

- အေး ယုတ်မာတယ်ဆိုတာ မင်းကိုပြပေးမယ်

ပိုင့်ရဲ့ ကိုယ်လေးကို ကောက်ပွေ့လိုက်ပီး ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်..

- မင်း ဘာလုပ်မလို့လဲ ငါ့အသားကို မင်းထိစရာမလိုဘူး..စိုင်းညှို့ရှင်

- ဘာလဲ..မင်းက ဟိုကောင်ရဲ့အထိတွေ့ကို စွဲလမ်းနေတာလား

- မင်းး!!

- အရမ်းခါးသီးမနေနဲ့ ကိုယ်တို့တွေ လက်ထပ်ပီးသွားပီ..အခုမင်းက ကိုယ့်အပိုင်ဖြစ်နေပီပိုင်..

- ဘာ....

- မင်းထူးဆန်းနေတယ် မထင်ဘူးလားပိုင် ကိုယ်ဒီနေ့ မင်းနဲ့ဆင်တူ အဖြူရောင် ဝတ်ထားတယ်လေ..ဒီမှာ..ကိုယ်တို့ရဲ့ မဂ်လာလက်စွပ်..

လက်ထောင်ပြကာ လက်သကြွယ်မှ P ဆိုပီးထွင်းထားတဲ့ ပလတ်တီနမ် လက်စွပ်လေးအား ပိုင့်ကို ပြလိုက်အပီး..

- မင်းနဲ့ ကိုယ်ရွေးထားတဲ့ လက်စွပ်လေးနဲ့ အရမ်းလိုက်တယ်...

ပြောကာမှ မိမိလက် ပြန်ကြည့်မိတဲ့အခါ S သဏ္ဏာန်လက်စွပ်ကို တွေ့လိုက်ရတော့..ပိုင် ဒေါသတို့က..
လက်စွပ်ကို အသဲသန် ချွတ်နေလိုက်ကာ..

- အဲဒါ မင်းအပိုင်းပဲ..ငါခံယူထားတာမဟုပ်လို့ မင်းနဲ့ငါ ခုချိန်ထိ တစိမ်းတွေပဲ..စိုင်းညှို့ရှင်

- ဆွေးလဲ သေသွားပီ...နောက်ဘယ်သူရှိသေးလဲ.သြော်..မင်းရဲ့အချစ်ဆုံးညီ..စူး ဟုတ်တယ် စူးကျန်သေးတာပဲ..

- မင်း!!

- အဟင်းး လက်စွပ်ကိုဆက်မချွတ်နဲ့တော့...ကိုယ်ပြောတာ နားထောင်ရင် စူး ဘာမှမဖြစ်စေရဘူး
ဒီနေ့တော့ မင်းနားလိုက်ပါ ကိုယ်မင်းကိုဘာမှမလုပ်သေးဘူး

~~~ Everything For You ~~ <completed>Where stories live. Discover now