- အင်း ရတယ်လေဘယ်ကိုလာခဲ့ရမလဲ...

-...........

📱📱

ဖုန်းချလိုက်ရင်း အတွေးတစ်ခုက ခေါင်းထဲပေါ်လာသည်။

ကိုစိုင်း အိမ်မှာတုန်းက စားပွဲပေါ်တင်ထားတဲ့ ဓာတ်ပုံတစ်ခု သူမြင်ခဲ့တယ်..
မြင်လိုက်ရတဲ့အချိန်မှာ တယောက်ယောက်နဲ့တူတယ်လို့ သူတွေးခဲ့ပေမဲ့ အခုမှ ပြန်စဥ်းစားကြည့်ရင်..ထို ဓာတ်ပုံက...

.......

မျက်လုံးတို့လေးလံစွာ ပွင့်ရင်း ပိုင် နိုးလာခဲ့သည်
နိုးနိုးချင်းမှာပင်..ထထိုင်လိုက်ကာ ဆွေးအကြောင်းတို့က ဦးနှောက်ထဲတမ်းဝင်လာခဲ့တယ်..

-  ငါအိမ်မက် မက်နေခဲ့တာလား ဒါက တကယ်ပဲလားး ဆွေးရော

အခုမှ အခန်းထဲသို့ ဝေ့ကြည့်မိလိုက်တဲ့အချိန်...
ပိုင် မျက်လုံးတို့ မှိတ်ဆင်းချမိလိုက်တဲ့အဖြစ်..

ပိုင် အသက်ကို ဖြေးဖြေးချင်းရှု.နေ.လိုက်ပီး

- ဒါ တကယ်မဟုပ်ဘူး..ဒါက စိတ်ထင်နေတာ ဟုတ်တယ် စိတ်ထင်နေတာ

သူ့စိတ်သူ ပြန်ထိန်းရင်း မှိတ်ထားတဲ့မျက်လုံးတို့ပြန်ဖွင့်လိုက်ကာ..ထိုအခန်းထဲကို တဖန်ပြန်ကြည့်မိလိုက်သည်...

- ဟင့်အင် မဟုပ်ဘူးး!! အားးးဒုန်း..! ခလွမ်..!!ခွမ်!

စားပွဲပေါ်တင်ထားတဲ့ ဝိုင်ပုလင်းလေးမြေပြင်ပေါ်သို့ ကျကွဲသွားခဲ့သည်။

အသံကြားရာမှ တဖက်အခန်းတွင်ရှိနေခဲ့သော စိုင်းညှို့သည် ထိုအခန်းထဲသို့ ရောက်လာခဲ့ရာ..
ကော်ဇောပေါ်တွင် ပြန့်ကျဲနေတဲ့ ဝိုင်ရည် တို့ကို မြင်လိုက်ရသည်နှင့် စိုင်းညှို့အကြည့်တို့က ကုတင်ပေါ်က ကောင်းလေးဆီိ...

- လူယုတ်မာ! မတွေ့ချင်ဘူး ထွက်သွား

ပိုင့်ရဲ့ စကားကိုလျစ်လျူရှုပီး စိုင်းညှို့ အခန်းထဲ သို့သာ ဝင်လာခဲ့တယ်..အောက်တွင် ပြန်ကျဲနေတဲ့ ဖန်ကွဲစတို့ကို သိမ်းနေတဲ့ စိုင်းညှို့သည်..ပိုင့်ကို စိတ်ပိုတိုသွားစေ..သလား

ကုတင်ပေါ်မှ ဆင်းကာ ဆောင့်ကြောင့် ထိုင်နေတဲ့ စိုင်းညှို့ကို သူ့ရဲ့အားလေးဖြင့်တွန်းချလိုက်တဲ့အခါ..
တဖက်သို့ ယိုင်ကျသွားသည့် စိုင်းညှို့ရဲ့ကိုယ်...
သို့ပေမဲ့ စိုင်းညှို့ စကားတခွန်းမျှမပြောခဲ့.. မြေပြင်ကိုကြည့်ကာပိုင့်အားမျက်နှာလွှဲထားတယ်ဆိုပိုမှန်မည်။..

~~~ Everything For You ~~ <completed>Where stories live. Discover now