စူးဖုန်းထဲမှ ကိုဆွေး ဆိုသည့် contect အားနှိပ်လိုက်တော့...

- လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာစက်ပိတ်ထားပါသောကြောင့် ခေါ်ဆို၍မရ...

- ဘာလို့ပိတ်ထားတာလဲ...

နောက်တစ်ဖုန်းကိုခေါ်တော့လဲ စက်ပိတ်ထားတာကြောင့်..ပိုင့်ကိုခေါ်ကြည့်ရန်နှိပ်ဖို့ကြံရွယ်လိုက်ပေမဲ့..လက်တို့က ရပ်တန့်သွားခဲ့သည်...

" ငါခေါ်တော့ရော သူကကိုင်မှာမှမဟုပ်တာ...သူလဲ ငါ့ကို မေ့နေလောက်ရောပေါ့ ငါက သူ့ညီအရင်းမှမဟုပ်ပဲ.."

စူး ပိုင့်ရဲ့ဖုန်းကိုမနှိပ်တော့ပဲ ဘေးက ဆိုင်ထဲသို့ဝင်သွားလိုက်သည်..ဆိုင်ရှေ့မှာရပ်နေတဲ့ ဝန်ထမ်းကောင်မလေးကို တွေ့တော့

- ဒီမှာညီမ...ဟိုဘက်ဆိုင်က ဘာလို့ပိတ်ထားတာလဲ သိလားခင်ဗျ

- ညီမလဲ မသိဘူးရှင့် ဒါပေမဲ့ မနက်ကတည်းကဆိုင်ပိတ်ထားတာ..

- မနက်ကတည်းက?? အော် ဟုတ်ကျေးဇူးပဲညီမ

စူးပြန်ထွက်လာပီး စဥ်းစားနေမိပြန်သည်

" မနက်ကတည်းက တဲ့ ဘာလို့ဆိုင်ပိတ်ထားတာလဲ..ဒါမှမဟုပ် ဒီချိန်ထိ သူတို့နှစ်ယောက်အတူတူရှိနေတာလားး "

- အင့်...အာ့း..ခင်ဗျားလူတစ်ယောက်လုံးလာတာ..မမြင် ကိုသူရ ကိုသူရမို့လားဟင်

- ဟုတ်တယ် sry စူးရယ် အစ်ကိုအလျင်လိုနေလို့

- ကိုသူရနဲ့ ကိုဆွေးက အတူတူရှိနေတာမဟုပ်ဘူးလားဟင်

- ဟမ် မဟုပ်ပါဘူး ဆွေးဆိုင်မှာမရှိဘူးလား

- ဆိုင်ပိတ်ထားလို့

- ဒီကောင်စိတ်ညစ်နေတာ နေမယ် ဒေါ်မိုးစံပယ် ကုမ္ပဏီ ကိုရောင်းပီး ထွက်ပြေးသွားပီလေ...

- ဗျာ...

- စူး မသိဘူးလား

- အင်း ခုမှသိတာ ကိုသူရ ဒါဆိုကျနော့ကိုခွင့်ပြုအုံး

စူး အလျင်စလို ထွက်လာခဲ့ပီး
📱📱

- ဝေယံ မင်းအခုဘယ်မှာလဲ

- ကျောင်းမှာလေ..ဘာဖြစ်လို့လဲစူး

- အတန်းဖြတ်လိုက်ကွာ..ငါ့ကိုအခုလာခေါ်ပေးလို့ရမလား

~~~ Everything For You ~~ <completed>Where stories live. Discover now