" မင်းအမုန်းတွေကအစကတည်းက ငါ့ဘက်မှာရှိနေခဲ့တာပဲ..မစခင်ကတည်းက အမုန်းခံလူးသားဖြစ်နေခဲ့တဲ့ငါက အခုရော မင်းရဲ့အချစ်ကိုမရမှတော့..ဆက်ပီးအမုန်းခံနေလိုက်မယ်...ဘယ်တော့မှ ဒီအမုန်းတွေထဲက မကျွတ်တော့ဘူးဆိုတာသိနေခဲ့ပီလေ..."

ပြေးထွက်သွားတဲ့ ပိုင့်ရဲ့နောက်သို့ စိုင်းညှို့လိုက်သွားခဲ့ရင်းး ပိုင့်ရဲ့ကိုယ်လေးကို မိုးရေတွေကြားထဲမှ အတင်းရုန်ကန်နေတဲ့ ပိုင့်အားးသူပွေ့ချီလာခဲ့သည်...
ကားထဲထည့်ပေးကာ..သူ့အား မျက်လုံးတို့နီမြန်းနေတဲ့ပိုင့်ရဲ့မျက်ဝန်းညိုတို့က ကြည့်နေခဲ့သည်လေ...

ပိုင်တစ်ယောက် ငိုထားမှန်းသိပ်သိသာနေတယ်မလားးမျက်ခွန်တို့နီရဲနေပီး..နှခေါင်းထိပ်ဖျားလေးတွေ အနီဘက်သမ်းနေခဲ့တယ်လေ..

- ဆွေးကိုတွေ့ချင်နေတာမလားး သူရှိမဲ့နေရာ ကိုယ်လိုက်ပို့ပေးမယ်..အေးဆေးလိုက်ခဲ့ပေး

- ...........

ပိုင် ဘာတစ်ခွန်းဆိုတခွန်းမျှမပြောခဲ့ပေမဲ့ ပါးစပ်ကို အုပ်ကာ..အသံမထွက်မိသည်အထိ..သူကြိတ်ငိုနေခဲ့သည်...တစ်ယောက်ထဲ..သူတစ်ယောက်ထဲကြိတ်ငိုနေတာ....

" ..ဆွေး.ဘာမှမဖြစ်ပါစေနဲ့...မင်းငါ့ကြောင့်ဘာမှမဖြစ်ရဘူးနော်..မင်းအဆင်ပြေတယ်မို့လားဟင်..ငါလာနေပီ..မင်းဆီကို..ခဏလေးပါ..ခဏလေး..ေစာင့်နေပေးပါ..ကြာ..မင်းဘာမှမဖြစ်ပါနဲ့အုး...ကျေးဇူးပြုပီးးး"

တလမ်းလုံးး ဆွေးဘာမှမဖြစ်အောင် ဆုတောင်းနေခဲ့တဲ့ပိုင်သည်..အသံတောင်မထွက်ရဲခဲ့..စိုင်းညှို့ ရဲ့စိတ်တွေတဖန်ပြောင်းလဲသွားမည်ဆိုး၍....

ခဏကြာမောင်းလာခဲ့ပီးး..ကားကရပ်တန့်သွားထဲ့သည်မို့..ပိုင် အပြင်ဘက်ဝေ့ကြည့်လိုက်တော့...မြို့ပြင်ဘက် တောင်ရောက်နေခဲ့သည်။...
စိုင်းညှို့ကို ပြန်ပြည့်မိလိုက်တော့..

- ဆင်းလိုက်..မင်းတွေ့ချင်နေတဲ့သူကိုတွေ့ရလိမ့်မယ်...

ကားတံခါးကိုဖွင့်အပီးး မြင်လိုက်ရတဲ့မြင်ကွင်းက..ပိုင့်ကိုဆွံအ သွားစေခဲ့သည်...
သူမြင်လိုက်ရတာ...ဘာထင်လဲ..??

~~~ Everything For You ~~ <completed>Tahanan ng mga kuwento. Tumuklas ngayon