- မင်းး!!

သူ ပိုင့်ကို အော်ဖို့ကြံရွယ်လိုက်ပေမဲ့..နှုတ်တို့က ထွက်ကျမလာ..

- ဘာလို့လဲ..မင်းဒုက္ခရောက်တဲ့အချိန်တိုင်းရောက်လာတက်တဲ့ ငါ့ကို ဘာလို့လဲ..ခါးခါးသီးသီးမဆက်ဆံပါနဲ့လားးဟမ်.. မလာနိုင်တော့တဲ့သူတစ်ယောက်ကို မင်းမိုက်ရူးရဲဆန်စွာ ဘယ်ထိစောင့်နေအုံးမှာလဲ..ပိုင်..မင်းအနားမှာ ကပ်နေတက်တဲ့ ဒီကောင်ကို နဲနဲလေးတော့စောက်ဂရုစိုက်ပေးလို့မရဘူးလားး

- မင်းဘာပြောလိုက်တာလဲ မလာနိုင်တော့တဲ့သူတစ်ယောက်..

ပိုင်နားမလည်စွာ..မိုးရေတွေကြားမှစိုင်းညှို့ရဲ့ကော်လံစကို စွဲယူကာ ပြန်မေးနေမိသည်

- အဲဒါဘာစကားလဲ..ဆွေးကို..ဆွေးကိုမင်းဘာလုပ်လိုက်ပီလဲ..ပြော..ပြောလေ...

မျက်ရည်စတို့ ကျနေပေမဲ့..ထိုမိုးရေစက်တို့နှင့် ပိုင့်ရဲ့မျက်နှာတွင် ရောယှက်နေခဲ့လေသည်...စိုင်းညှို့ရဲ့ ကော်လံစကို ဆွဲဆွဲစောင့်ကာ..အသည်းသန်ငိုယိုရင်းမေးနေခဲ့တဲ့ ပိုင့်ရဲ့ အဖြစ်က သိပ်သနားစရာကောင်းနေခဲ့တယ်မလားးး
စိုင်းညှို့ ဘာတခွန်းမျှမပြောဘဲသာ ပိုင်လုပ်သမျှခံနေခဲ့တယ်...

- အဟင့်ဟင့်ဟင့်.စိုင်းညှို့ရှင်...ငါမေးနေတယ်လေ..ဆွေးဘယ်မှာလဲလို့...ပြောပါ...ဟင့်ဟင့် ဆွေးကို မင်းဘာမှမလုပ်ဘူးမလားးဟင်...

- အေးနေပီ..ကိုယ်တို့ပြန်ကြရအောင်

ကော်လံစကိုဆွဲစုပ်ထားတဲ့ပိုင့်ရဲ့လက်လေးတွေကိုစိုင်းညှို့ကိုင်လိုက်ပေမဲ့..ရုန်းထွက်သွားတဲ့ လက်တစ်စုံ...

- မုန်းတယ်... စိုင်းညှို့ရှင်မင်းကငါ့ဘဝအတွက် နတ်ဆိုးပဲ...ငါမင်းကိုအရမ်းမုန်းတယ်...!!

အော်ပြောပစ်လိုက်ကာ..ထိုနေရာကနေ ပြေးထွက်သွားတဲ့ ပိုင်သည်ရင်ထဲမှာဘယ်လောက်တောင်​ကြေကွဲနေလိုက်မလဲ...

" မင်းအမုန်းတွေကအစကတည်းက ငါ့ဘက်မှာရှိနေခဲ့တာပဲ..မစခင်ကတည်းက ​အမုန်းခံလူးသားဖြစ်နေခဲ့တဲ့ငါက အခုရော မင်းရဲ့အချစ်ကိုမရမှတော့..ဆက်ပီးအမုန်းခံနေလိုက်မယ်...ဘယ်တော့မှ ဒီအမုန်းတွေထဲက မကျွတ်တော့ဘူးဆိုတာသိနေခဲ့ပီလေ..."

~~~ Everything For You ~~ <completed>Where stories live. Discover now