နောက်ကနေ ပိုင့်ရဲ့ ဇာတ်ပိုးကို အုပ်လိုက်တဲ့ စိုင်းညှို့သည်..လက်ထဲမှာ မျက်ရည်တွေနဲ့ မျော့ခွေကာကျသွားတဲ့ ကောင်လေးကိုကြည့်ပီးး စိတ်မကောင်းဖြစ်ပေမဲ့..ဒါက သူ့ကိုပိုင်ဆိုင်ရဖို့ နည်းတစ်နည်းပဲရှိတဲ့အတွက်ကြောင့်...

- ပင်ပန်းသွားပီပိုင်...အေးဆေးအနားယူလိုက်ပါ ကိုယ့်ရဲ့ ခလေးလေးးး

ပိုင့်ရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီသွားရင်းး..ကားနီလေးလဲ...ထိုနေရာကနေထွက်ခွာသွားခဲ့လေသည်။

.........

အပြင်မှ စထွက်လာကတည်းက မိုးဖွဲတို့က အနဲငယ်ကျဆင်းနေတာ ဆွေးသတိထားမိသည်။

" ဆောင်းတွင်းကြီးမိုးရွာနေပါအုံးမယ်ကွာ.."

ဆွေး ကိုယ့်အတွေးနှင့်ကိုယ်ပြုံးမိလိုက်ရင်းး ပိုင်ချိန်းထားသည့် ကိုက္ကိုလ်ပင်ကြီးအောက် သို့ အမြန်ရောက်ရန်...ခက်သွက့်သွက်လျှောက်လာခဲ့တယ်..

" ဒီနေ့ မင်းဘာလက်ဆောင်ပေးမှာမို့လို့လဲမသိဘူး ငါပြောတဲ့အတိုင်းပဲ..မိုးဖွဲလေးတွေကျနေပီအပိုင်...ဒါက ကောင်းတဲ့နိမိတ်လို့ ခံယူလို့ရမလားးဒါမှမဟုပ် နမိတ်ဆိုးများလားးး သေချာတာတော့..ကောင်းတဲ့နိမိတ်ဖြစ်လာပါသေလို့ ဆုတောင်းတယ်... ငါတို့က ချစ်သူတွေမဖြစ်သေးပေမဲ့..ဒါကငါတို့ရဲ့ first date လို့ပြောလို့ရတာပေါ့နော်...အဟင်းးစိတ်ကူးကြည့်တာပါ အပိုင်ရာ...ငါစောင့်နေမယ်..မင်းသင်တန်းပီးတာနဲ့အမြန်လာခဲ့တော့...မင်းကိုတွေ့ချင်လှပီ...ပီးတော့ မင်းဘာလက်ဆောင်ပေးမှာလဲဆိုတာ သိချင်နေပီ..."

ဒီနေ့ကြမှ..ဆွေးဘာစိတ်ကူးပေါက်လို့လဲမသိခဲ့..ကားတောင်ယူမလာခဲ့တဲ့ သူ့စိတ်ကူးးး

လမ်းမကြီးတခုတွင် လူတွေရှင်းလင်းနေသည်မှာ..ဆွေးတစ်ယောက်ထဲသာရှိမည်ဟုဆိုရမည်..
ကိုယ့်စိတ်ကူးနဲ့ကိုယ် လျှောက်လာခဲ့ရင်းးး
ထိုအချိန်..မိုးများသည်းလာခဲ့ရာ..ဆွေး ထိုလမ်းမကြီးတစ်လျှောက်..ပြေးလာခဲ့သည်လေ...
သူပြေးနေဆဲမှာပဲ...မိုးရေတွေတောထဲမှ..ဘယ်ကမှန်းမသိသော ကားတစ်စီး...သူ၏နောက်ဝယ်...

- ဒုန်းးး!!

အရှိန်ဖြင့်ဝင်တိုက်ခံလိုက်ရတာကြောင့်..ဆွေး လွှင့်ထွက်သွားသရောင်...
မြေပြင်ပေါ်သို့.. ပြန်ကျလာတဲ့အရှိန်က ပြင်းထန်လွန်းနေခဲ့ရာ..ဆွေး၏ပါးစပ်ထဲမှ..သွေးစတို့ပြည့်လျှံလျက်...ဒါတောင်သူ

- အပိုင်...ငါ့ကို ..စောင့်နေ...ပေးပါ...ငါ...လာ

ဘာဖြစ်သွားတာလဲ...??
ဆွေး၏မျက်နှာက်တခွင်လုံး သွေးစတို့ဖုံးလွှမ်းရင်းးစကားတို့ရပ်တန့်သွားကာ..သူရဲ့မျက်လုံးတွေမှိတ်ဆင်းသွားခဲ့လေသည်...
ဒါက..တကယ်ပဲလားးး

ဆွေး ၏ခန္ဓာကိုယ်အား သူတို့ကားဖြင့်သယ်လာခဲ့ရာ..မြို့ပြင်ဘက်က တော့အုပ်ဆီသို့...
မြေမြှုပ်လိုက်ပီ ဖြစ်တဲ့ ဆွေးသည်...ခင်ဗျားတို့မြင်နေရတဲ့အတိုင်းး..သူဒီလောကမှာမရှိတော့ဘူးဗျ....ဆွေးရဲ့ဆုတောင်းတွေ မပြည့်ခဲ့ဘူးလေ...တကယ်တော့..ဒီမိုးရေစက်တို့က...နမိတ်ဆိုးတွေလားး??

- ကိစ္စအားလုံးပီးသွားပီ..အရှင်ကျနော် ဘာဆက်လုပ်ရအုံးမလဲ...

- သေချာလားးသူသေပီဆိုတာ..

- ဟုတ်ကဲ့ ကျနော်တို့မြေတောင်.မြှုပ်ပီးသွားပီ..

- ရပီ..မလိုတော့ဘူးဘာခြေရာ လက်ရာမှမကျန်မိစေနဲ့..မင်းတို့သွားတော့ အဲ့နေရာကနေ

Coming Soon part - 20

#HSU

~~~ Everything For You ~~ <completed>Where stories live. Discover now