- မင်းသာ ငါ့အနားကထွက်မသွားနဲ့..ဘယ်အချိန်ရောက်ရောက်..မင်းငါ့ကိုသတိရနေပေး..ငါပြေးလာခဲ့မှာမို့..ငါ့ကိုမင်းအနားက နှင်မထုပ်နဲ့...

- အင်းး..

ဒီတကြိမ်တော့ ဦးစွာ..ဆွေးရဲ့နှခမ်းဖူးဖူးလေးကို ထိကပ်လိုက်တဲ့ ပိုင်..

- ဆွေးးဟိုလေ ငါမေးရင်မင်းစိတ်ဆိုးမှာလားဟင်

- ဘာလဲ..ညတုန်းကငိုရတဲ့ကိစ္စလားး

ပိုင်ခေါင်းညိမ့်ပြလိုက်တော့..ဆွေးပြုံးပြလိုက်ပီး သူ့ရဲ့ရင်ခွင်ထဲအား ပိုင့်ခေါင်းလေး.ကိုဆွဲသွင်းလိုက်ကာ

- အခု ငါစိတ်တွေပေါ့သွားပီ..ဘာလို့လဲမင်းသိလား

-..........

- မင်းပြောလိုက်တဲ့စကားတစ်ခွန်းနဲ့တင် ငါသေပျော်လို့ပဲအပိုင်...အဟင်း ငါ့ဘေးမှာ ဘယ်သူမှမရှိတော့ရင်တောင်..မင်းရှိနေပေးမယ်ဆိုတာလေ..ကျေးဇူးပါပဲ..တကယ်ပါ..ငါ့ဘဝအတွက် မင်းကမရှိမဖြစ်လိုအပ်တာပါ..ဒေါ်မိုးစံပယ် မရှိတော့ဘူး..သူ ဒယ်ဒီ ကုမ္ပဏီကို ရောင်းပီးထွက်ပြေးသွားပီ...

အံ့သြမှုနှင့်အတူ..မော့ကြည့်လာသည့် ပိုင်

- ဘယ်လို

- ငါဝမ်းနည်းနေတာ ဘာလို့လဲမင်းသိလားး

- သေချာတာတော့ ဒေါ်မိုးစံပယ်ကြောင့်တော့ မဟုပ်ဘူးမလား

- အင်းးငါ့အတွက် ဒယ်ဒီထားခဲ့တဲ့..ကုမ္ပဏီက အခုတော့...အခု..သူထွက်သွားတာငါမပြောဘူးအပိုင်..ဒါပေမဲ့ ကုမ္ပဏီက..

အသံတို့က အနဲငယ် အက်ကွဲလာသည်။
သူငိုချင်နေတာလေ...သူတော်ပါတယ် သူမငိုမိအောင်နေနိုင်ခဲ့တယ်...

- ဆွေးရယ်..ငါဘယ်လိုနှစ်သိမ့်ပေးရမလဲတောင်မသိတော့ဘူး...

- ငါအဆင်ပြေပါတယ်..

အခန်းလေးက ခဏတာ တိတ်ဆိပ်သွားပီးနောက်...

- ငါမင်းကိုပြောစရာရှိတယ်.ဒါပေမဲ့မနက်ဖန်မှ..ငါတို့တွေ့နေကြ သစ်ပင်ကြီးအောက်မှာစောင့်နေပေး..ငါလာခဲ့မယ်..

- ဘာပြောမို့လဲ..

- မင်းအတွက်အရေးကြီးတဲ့စကားပေါ့..ပီးတော့ ငါ့မွေးနေ့ကို သတိမမေ့ပဲ ဆုတောင်းပေးတဲ့မင်းကို လက်ဆောင်ပြန်ပေးတဲ့သဘော...

~~~ Everything For You ~~ <completed>Where stories live. Discover now