- ဆွေးရယ်..ငါဘယ်လိုနှစ်သိမ့်ပေးရမလဲတောင်မသိတော့ဘူး...

- ငါအဆင်ပြေပါတယ်..

အခန်းလေးက ခဏတာ တိတ်ဆိပ်သွားပီးနောက်...

- ငါမင်းကိုပြောစရာရှိတယ်.ဒါပေမဲ့မနက်ဖန်မှ..ငါတို့တွေ့နေကြ သစ်ပင်ကြီးအောက်မှာစောင့်နေပေး..ငါလာခဲ့မယ်..

- ဘာပြောမို့လဲ..

- မင်းအတွက်အရေးကြီးတဲ့စကားပေါ့..ပီးတော့ ငါ့မွေးနေ့ကို သတိမမေ့ပဲ ဆုတောင်းပေးတဲ့မင်းကို လက်ဆောင်ပြန်ပေးတဲ့သဘော...

- အပိုင်.ငါမင်းဆီက လက်ဆောင်ရမယ်ဆိုတကယ်လားး..ဆောင်းတွင်းကြီးမိုးရွာနေပါအုံးမယ်ကွာ..

- ဟာ ဆွေးဘာလဲမင်းက ငါ့ကိုကပ်ဆေးနဲလို့ပြောချင်တာလားး

- ဟင်..ငါမပြောမိပါဘူး ဆောင်းတွင်းကြီးမိုးရွာနေမယ်လို့ ပဲပြောမိတာ...ကျန်တာမင်းပြောတာလေ..

- ဟားဟားဟား မင်းနော်..တော်ပီမပေးတော့ဘူး

- အဲ..အ့လိုလားပေးမဲ့ပစ္စည်းပြန်တောင်းရင် ရုပ်စိုးတက်တယ်တဲ့..မင်းကဒီထက်ရုပ်စိုးချင်လို့လား..

- ဆွေးနော်...

ဆွေးရဲ့ ရင်ဘတ်အား လက်သီးသေးသေးလေးဖြင့်ထုကာ..စိတ်ဆိုးနေတဲ့ပိုင်သည်..အတော့်ကိုချစ်ဖို့ကောင်းနေသလားး

- ဟားဟားဟား..အေးပါမနက်ဖန် စောင့်နေမယ်မင်းမလာမချင်း အဲ့နေရာကနေ တဖဝါးမှမခွာဘူး..ဟုပ်ပီလား

- ချစ်ဖို့ကောင်းလိုက်တာ..မွမွ..

ပိုင့်ရဲ့အပြုအမူလေးကို သဘောကျနေတဲ့ ဆွေးသည် ပြန်ပြုံးပြကာ..

- လူဆိုးလေး ချွဲတက်သားပဲ..

- ဟီးးလာမယ်မို့လား

- အင်း..ဒါပေမဲ့ အခုတော့...

- အားးဆွေးဘာလုပ်တာလဲ..ဘေးဖယ်ကွာ

ပိုင့်ရဲ့ ကိုယ်ပေါ်တက်ခွကာ..အတင်းလိုက်နမ်းနေသော ဆွေး ကားး ညကငိုနေခဲ့သော ဆွေး ​..နှင့်တခြားသည်ပင်...
အခန်းငယ်လေးထဲ..ကောင်လေးနှစ်ယောက်၏ရယ်သံတို့ပြည့်နှက်လျက်...
ထိုအပျော်တို့က..ဘယ်လောက်ထိတည်တံ့နိုင်မလဲ..
ဖြစ်နိုင်ရင်..ဒီမှာပဲ ရပ်ထားလို့ရရင်ရပ်ထားပါရစေ...

~~~ Everything For You ~~ <completed>Where stories live. Discover now