ပိုင်...အတွေးတို့မဆုံးလိုက်သေးခင်....ကောင်းကင်ယံမှ.မိုးဖွဲလေးတွေကျဆင်းလာတာ..တွေ့မြင်လိုက်ရသည်။
" ဆောင်းတွင်းကြီး မိုးရွာနေပါအုံးမယ်.."
ဆွေးရဲ့စကားသံတို့ကို ပြန်ကြားယောင်ရင်း ပိုင်ပြုံးမိလိုက်ကာ...
- မင်းလဲ..ဒီအချိန်ဆို ငါ့လိုပဲတွေးနေမှာပဲမလားးမကြာခင် တွေ့ကြရတော့မယ်..ငါ့ကိုစောင့်နေပေးပါနော်...ပီးတော့..ချစ်တယ်ဆွေးးငါမင်းကိုအရမ်းချစ်တယ်...
taxi ပေါ်ကနေ အပြင်မှာသည်းသည်းမဲမဲရွာနေတဲ့မိုးရည်စတို့ကို ကြည့်ရင်းးပိုင် တစ်ယောက်ပြုံးနေမိသေးတာ်...
သူမသိသေးဘူးးကံကြမ္မာဆိုးက ဘယ်အချိန်ဝင်လာမလဲဆိုတာလေ...
ဘာလို့ ဒီနေ့ကြမှ မိုးတွေသည်းကြီးမဲကြီးရွာနေခဲ့လဲမသိဘူးး
ပိုင်ဆိုင်ဖို့အတ္တကြီးလိုက်တဲ့အခါ..
.....မလုပ်သင့်တာတွေကအစလုပ်ရဲလာကြတယ်...
ဥပမာ.သေဆုံးခြင်းဆိုတဲ့..လက်နက်
မိုးတွေရွာနေတာ..မြူတွေလိုပဲ..တနေရာနှင့်တနေရာမြင်ရဖို့ နဲနဲခက်ခဲနေသည်။
ထီးအနက်လေးတစ်ချောင်းဖွင့်လိုက်ကာ..taxi ပေါ်ကနေဆင်းလာခဲ့တဲ့ ပိုင်..
သူဆွေးအားစောင့်ခိုင်းထားတဲ့ ထိုကိုက္ကိုလ်ပင်ကြီးအောက်သို့ရောက်လာခဲ့ပေမဲ့..မြင်ချင်နေတဲ့ ဆွေးရဲ့မျက်နှာလေးဂိုတော့..သူမမြင်ရခဲ့ဘူးး
- ဆွေးခုထိမရောက်သေးဘူးလားး
သို့ပေမဲ့..ပိုင်ပြုံးနေဆဲ...ဆွေးမရောက်သေးဘူး သူ့စိတ်ထဲထင်တုန်း....
- ဒီတခါလဲ..ငါဘဲစောင့်နေရတယ်နော်..ဆွေး..
လက်ကနာရီကိုကြည့်လိုက်.တစ်ယောက်ထဲစကားတွေပြောနေခဲ့တဲ့ ပိုင်က...
ခင်ဗျားတို့အမြင်မှာ..ဘယ်လောက်တောင်သနားဖို့ကောင်းနေမလဲ..
- အမြန်လာတော့ကွာ..ငါချမ်းနေပီဆွေးရာ...မင်းလာမယ်လို့ဂတိပေးထားတယ်မို့လားး..အင်းးငါစောင့်နေတယ်လေ..အမြန်လာတော့နော်..
မိုးက မဆဲနိုင်သေးဘူး.ဘာလို့တရပ်စပ်ရွာနေလဲ..မပြောတက်သလို...ကျနော် ဒီနေရာမှာစောင့်နေခဲ့တာ.. 2 နာရီတောင်ရှိသွားပီ...ခုထိ..ဆွေးမလာသေးဘူးးဒီတခါရော..ညနေစောင်းတဲ့အထိစောင့်နေပေးရအုံးမှာလားး...
- မင်းအလုပ်ရှုပ်နေရင်လဲ..ဖုန်းဆက်ပေးပါလားးဒီမှာ ငါချမ်းနေလို့ပါ...
ထွက်ကျလာတဲ့စကားသံတို့က..အနဲငယ်အက်ကွဲနေကာ..နှခမ်းတို့ကလဲတုန်နေခဲ့သည်။
တကယ်ပါ..သူချမ်းနေပီ လေ....
ပါးပြင်ပေါ်သို့ ကျလုဆဲဆဲ မျက်ရည်သတို့ကို ထိန်းချုပ်ထားရင်းး မငိုမိအောင် နေရသည်မှာ..အရမ်းတော့လွယ်ကူနေတယ် မထင်နဲ့...ကျနော်အော်ပီး ခလေးလေးတစ်ယောက်လို..ငိုယိုပစ်လိုက်ချင်တာ...
- အမြန်လာပါတော့..ဆွေးရာ...
ရုပ်တရက်မှာပဲ..မိုးရည်တောထဲမှ..ပိုင့်ဆီဦးတည်ကာ လာနေတဲ့ကားမီးရောင်...
ကားလာသည်နှင့်..ပိုင့်ရဲ့နှခမ်းသားတို့ထက်မှ..အပြုံးလေးတို့ကပွင့်လှမ်းလာခဲ့သည်...
ဆွေးလို့ထင်နေခဲ့ပုံပဲ...
ရပ်သွားတဲ့ကားထဲမှ...ထီးအနီရောင်တစ်လက်ဖြင့် ထွက်လာတဲ့သူက....
မင်းရဲ့အရှင်ဆိုသူငါက...မင်းဆီတဖန်...
Coming Soon part - 19
#HSU
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
part(18)
Start from the beginning
