- အပိုင်.ငါမင်းဆီက လက်ဆောင်ရမယ်ဆိုတကယ်လားး..ဆောင်းတွင်းကြီးမိုးရွာနေပါအုံးမယ်ကွာ..

- ဟာ ဆွေးဘာလဲမင်းက ငါ့ကိုကပ်ဆေးနဲလို့ပြောချင်တာလားး

- ဟင်..ငါမပြောမိပါဘူး ဆောင်းတွင်းကြီးမိုးရွာနေမယ်လို့ ပဲပြောမိတာ...ကျန်တာမင်းပြောတာလေ..

- ဟားဟားဟား မင်းနော်..တော်ပီမပေးတော့ဘူး

- အဲ..အ့လိုလားပေးမဲ့ပစ္စည်းပြန်တောင်းရင် ရုပ်စိုးတက်တယ်တဲ့..မင်းကဒီထက်ရုပ်စိုးချင်လို့လား..

- ဆွေးနော်...

ဆွေးရဲ့ ရင်ဘတ်အား လက်သီးသေးသေးလေးဖြင့်ထုကာ..စိတ်ဆိုးနေတဲ့ပိုင်သည်..အတော့်ကိုချစ်ဖို့ကောင်းနေသလားး

- ဟားဟားဟား..အေးပါမနက်ဖန် စောင့်နေမယ်မင်းမလာမချင်း အဲ့နေရာကနေ တဖဝါးမှမခွာဘူး..ဟုပ်ပီလား

- ချစ်ဖို့ကောင်းလိုက်တာ..မွမွ..

ပိုင့်ရဲ့အပြုအမူလေးကို သဘောကျနေတဲ့ ဆွေးသည် ပြန်ပြုံးပြကာ..

- လူဆိုးလေး ချွဲတက်သားပဲ..

- ဟီးးလာမယ်မို့လား

- အင်း..ဒါပေမဲ့ အခုတော့...

- အားးဆွေးဘာလုပ်တာလဲ..ဘေးဖယ်ကွာ

ပိုင့်ရဲ့ ကိုယ်ပေါ်တက်ခွကာ..အတင်းလိုက်နမ်းနေသော ဆွေး ကားး ညကငိုနေခဲ့သော ဆွေး ..နှင့်တခြားသည်ပင်...
အခန်းငယ်လေးထဲ..ကောင်လေးနှစ်ယောက်၏ရယ်သံတို့ပြည့်နှက်လျက်...
ထိုအပျော်တို့က..ဘယ်လောက်ထိတည်တံ့နိုင်မလဲ..
ဖြစ်နိုင်ရင်..ဒီမှာပဲ ရပ်ထားလို့ရရင်ရပ်ထားပါရစေ...

........

ရှေ့က ဆရာဘာသင်သွားလဲတောင်မသိလိုက်ဘူး..ဆွေးအကြောင်း စဉ်းစားနေတာနဲ့.တင်.
.အဟင်းးး..ပိုင် ခေါင်းခါရင်း..ကိုယ့်ကိုကိုယ် ရယ်လိုက်မိသည်။
အဲ့လောက်တောင် ရူးနေတာ...
ဒီနေ့ သူ့ကိုအဖြေပေးတော့မယ်လေ..ဒီလိုပဲလားးဟင်..ကောင်မလေးတွေ ကောင်လေးကိုအဖြေပေးတဲ့အခါကြခံစားချက်တွေက ခုန့်ခုန်တက်လာသလိုမျိုးလားး..အခုလို ကျနော်ခံစားရတာတွေနဲ့ တူနေသလားးဟင်...ကျနော်အရမ်းပျော်နေတယ်..နောက်တစ်နာရီလောက်ဆို..သူနဲ့ချစ်သူတွေဖြစ်တော့မယ်လေ...ခံစားချက်တို့ကသူနဲ့တွေဖို့ အချိန်တွေနီးလာလေ..ရင်ခုန်သံတွေကမြင့်တက်လာသလိုလို...

~~~ Everything For You ~~ <completed>Where stories live. Discover now