- ဒီည ငါနဲ့အတူရှိပေးလို့ရမလားး..

ကားအပြင်ကိုငေးကြည့်ဆဲ..ပိုင်ပြောလိုက်သည်ကြောင့်..ကားမောင်းနေသော ဆွေးရဲ့ အကြည့်တို့က ပိုင့်ဘက် လှည့်ကြည့်လိုက်လေတယ်
သို့ပေမဲ့ ဆွေးဘာမျှမပြော..

- မင်းဝမ်းနည်းနေချိန်..ငါမင်းကို နှစ်သိမ့်ပေးချင်တယ်..

ထို့နောက် ကားလေးက တဖန်တိတ်ဆိပ်သွားခဲ့ပြန်သည်..

သိပ်မကြာခင် မှောင်မဲနေသောပိုင့်ရဲ့ အိမ်သို့ကားလေးထိုးရပ်လိုက်သည်..
မှောင်မဲနေတယ်ဆိုမှတော့..လူမရှိလို့ပေါ့..
ဒါဆို စူးအိမ်ကိုပြန်မလာဘူးလေ..

ကားပေါ်မှ ဆင်းလိုက်တဲ့ ပိုင်သည်မိမိရဲ့အိမ်ကို မော့ကြည့်ကာ..ဝမ်းနည်းမှုက အနဲငယ် စို့တက်လာသရောင်...
ထို့နောက်..ဆွေးကားပေါ်ကဆင်းတော့..

- အိမ်ကအရင်လို ပျော်ရွှင်စရာမကောင်းတော့ဘူးဆွေးး..စူးးမရှိမှ.အိမ်ကခြောက်ကပ်နေသလိုပဲ..ငါကြောက်တာ..ဒါ..အင့် ဘာလုပ်တာလဲဆွေး ပြန်ချပေး..

ရုပ်တရက် ပွေ့ချီခံလိုက်ရတဲ့ ပိုင်သည်..ဆွေးရဲ့လည်ပင်းကို တွယ်ချိတ်မိလိုက်သည်
ဆွေးရဲ့ရင်ခွင်ထဲမှ ချပေးရန် ရုန်းနေသော ပိုင့်ရဲ့ခန္ဓာကိုယ်လေးကို မရုန်းနိုင်ရန် တင်းကြပ်စွာ ပွေ့ချီရင်း မှောင်မဲနေသော ထိုအိမ်ထဲသို့..ခေါ်လာလိုက်သော ဆွေးရဲ့အပြုအမူကို အ့သြစွာ ကြည့်နေပြန်တဲ့ ပိုင်တစ်ယောက်..
မှောင်မဲနေတာတောင်..အပေါ်ထပ်သို့ ထိုအတိုင်းတက်လာခဲ့ရင်းး ပိုင့်ရဲ့အခန်းထဲကို သူခေါ်လာခဲ့သည်။
အမှောင်ကြောက်တက်တဲ့ ပိုင် ကြောင့်အခန်းတို့အား မီးထွန်းလိုက်အပီး ပွေ့ချီထားသော ခန္ဓာကိုယ်လေးကို ချပေးလိုက်ခင်မှာပဲ...ပိုင့်ရဲ့
မျက်နှာကို ချုပ်ကိုင်လာပြန်တဲ့ဆွေးရဲ့ လက်တို့နှင့် ထိကပ်လာသော နှခမ်းတစ်စုံ...
ထို အရိုင်းဆန်နေတဲ့အနမ်းတို့မှ ပိုင် တွန်းဖယ်ကာရှောင်ထွက်ရင်း

- ဘာဖြစ်နေတာလဲ...ဆွေး

အကွာဝေးအနဲငယ်ကွာသွားတဲ့ပိုင့်ရဲ့ ခန္ဓာကိုယ်လေးအနားပြန်ကပ်လိုက်ပီး..ခါးသိမ်သိမ်လေးကိုဖက်တွယ်လာတဲ့ ဆွေးရဲ့လက်တို့...

~~~ Everything For You ~~ <completed>Where stories live. Discover now