- မကောင်းတဲ့လူရီးး..အဟင့်ဟင့်..လူယုတ်မာကြီးး..ငါ့မှာ တနေကုန်မင်းကို စောင့်နေခဲ့တာမင်းသိလား..ဒါတောင် မင်းရောက်မလာဘူးးနော်.. ဟင့်ဟင့်..ဘာလို့လဲ..ဘာလို့ရောက်မလာခဲ့တာလဲ..မင်းပြော..ဘာလို့ရောက်မလာခဲ့တာလဲ..ဟင်းဟငိ့ဟင့်..

ပိုင့်ရဲ့ ပေါက်ကွဲနေတဲ့ အသံတို့က..ဆွေးရဲ့မျက်ဝန်းမှာ မျက်ရည်စတို့ကထွက်ကျလာခဲ့သည်။
ငိုယိုနေတဲ့ ပိုင့်ရဲ့ကိုယ်လေးကို သူ့ရင်ခွင်ထဲတွဲသွင်းလိုက်ပီးး

- တောင်းပန်ပါတယ်နော်..မကြောက်နဲ့တော့..ငါရှိတယ်..

ဒါတောင် ပိုင် ငိုသံတို့ကမတိတ်သေးးဖက်ထားပေမဲ့ ပိုင့်ရဲ့လက်တို့က ဆွေးကို ရိုက်နေဆဲ..

- ငါဘယ်လောက်တောင် ကြောက်နေခဲ့လဲ မင်းသိလားး ဒါတောင် မင်းငါ့ကိုပစ်ထားရက့်တယ်..
ဘာလဲ..ခုရော နောက်တစ်ခါပစ်ထားခဲ့ဖို့ ဂတိတွေပေးနေပြန်ပီလား..

ဖက်ထားရာကနေ..ဆွေး ပိုင့်ရဲ့ပုခုံးလေးကိုကိုင်ကာ ခွာလိုက်ပီးး သူနှင့်မျက်နှာချင်းအနေထားလုပ်လိုက်သည်။

- ကိုယ်တောင်းပန်ပါတယ် နော်..နောက်တစ်ခါမင်းကိုပစ်မထားတော့ဘူး ကိုယ်ဂတိပေးတယ်...

ပါးစပ်ကပြောရင်းး ပိုင့်ရဲ့ပါးပြင်ပေါ်က မကျြရညျတျု့ကို သုပ်ပေးလိုက်တဲ့ ဆွေး

- မင်းအရမ်းကြောက်နေခဲ့မှာပဲ..

ခေါငျးကွီးကို ငုံ့ထားပီးး တငြိမ့်ငြိမ့်နဲ့ငြိမ့်ပြကာ..ဆွေးရဲ့ရင်ခွင်ထဲ..နောက်တဖန်ဝင်လာခဲ့ပြန်သည်။

- ငါ့ကိုပစ်မထားပါနဲ့နော်..အဲ့ဒီနေရာကိုထပ်မသွားချင်လို့ပါ..ငါကြောက်တယ်..ငါ့ကို ထပ်မပစ်ထားခဲ့ပါနဲ့..ဆွေး.. အဲ့အခန်းကြီးကိုကြောက်လို့ပါ..

- အပိုင်..သတိထားပါအုံးး ငါမင်းဘေးမှာရှိတယ်နော်..ဘယ်မှမသွားဘူးး မကြောက်နဲ့တော့..

ကျောပြင်လေးကိုပွတ်ပေးရင်းး ပိုင် ရဲ့စိတ်ဂှုပ်ထွေးမှုကနေ သက်သာသွားအောင် ထို ဆေးရုံအခန်းလေးထဲ..ဆွေး စကားတွေပြောနေခဲ့သည်...

.........

- ကျွီ..

လက်တဖက်က တယော တလက်ကိုင်ကာ..တံခါးကိုဖွင့်လိုက်ချိန်....

- ပိုင်...မင်းအတွက်

မိုးပြာရောင်အခန်းကြီးထဲ..ပိုင့်ကိုမတွေ့သည်ကြောင့်..စိုင်းညှို့ပြာပြာသလဲ..ရေချိုးခန်းး အိမ်သာ အခန်းထဲတွေပါ..လိုက်ရှာခဲ့ပေမဲ့..မတွေ့တော့တဲ့..
သူ့ရဲ့..တဖက်သက်ချစ်ရသူ...

- ပိုင်...

- မင်းပုန်းနေတာမလားး

- ပိုင်

- မင်းဘယ်နားမှာလဲ..အသံပေးလေကွာ..

- ပိုင်..မင်းနောက်နေတာမလားး..ထွက်လာခဲ့ကွာ..ကိုယ်မင်းအတွက်..မင်းကြိုက်တက်တဲ့ တယောလေးဝယ်လာခဲ့တယ်...လာကြည့်အုံးး

ပြောသာ ပြောနေသည်..သို့ပေမဲ့ စိုင်းညှို့ရဲ့အသံတို့က နဲနဲ စိုးရိမ်မှုဘက်သမ်းနေခဲ့တယ်..

- ပိုင့်..ကိုယ်ခေါ်နေတယ်လေကွာ..မင်းဘယ်မှာလဲလို့..ပုန်းနေရင်ထွက်ခဲ့ကွာ..ကိုယ့်ကိုမနောက်ပါနဲ့..ထွက်လာခဲ့ပါ..ဟင့်ဟင့်..ပိုင့်..ခေါ်နေတယ်လေ..မင်းဘယ်နားမှာလဲ..ပိုင့်!!

- အားးး!!...

- ဒုန်းးဗုန်း..ဒုန်းး..!!

ကိုင်ထားတဲ့ တယောလေးက..ပိုင်ရှင်ဆီတောင် မရောက်ခဲ့..စိတ်ရှိလက်ရှိသလို..နံရံအား ရိုက်ချိုးလိုက်လေသည်..ထို့နောက်..ကြမ်းပြင်ကော်ဇော်ပေါ် ဒူးထောက်ချလိုက်ကာ..အသံတို့က ကွဲအက်သံနှင့်အတူ မျက်နှာတခုလုံး နီးမြန်းနေရင်းး

- ဘယ်သူလဲ..ငါ့အနားက ပိုင့်ကို ဆွဲထုတ်သွားရဲတာ..

Coming Soon part - 15

#HSU

~~~ Everything For You ~~ <completed>Where stories live. Discover now