- ဘယ်နား နာနေသေးလို့လားဟင်အပိုင်..ငါ့ကိုပြောလေ..ထိခိုက်တဲ့ နေရာရှိသေးလို့လားး
ဘုကြည့်ကြည့်ကာ..ဆွေးအားမကျေနပ်သည့် မျက်လုံးတို့ဖြင့်..
- တခုခု ပြောလေအပိုင်.. ဘယ်နားနာနေသေးလို့လဲ..
ထိုအခုမှ ပိုင် အတားဆီးမဲ့ စွာ မျက်ရည်တို့လွှတ်ချလိုက်ပီးး ဆွေးရဲ့ ရင်ဘတ်တို့အားး သူ့ရဲ့လက်သီးသေးသေးလေးဖြင့်..ထုရိုက်နေခဲ့သည်..
- မကောင်းတဲ့လူရီးး..အဟင့်ဟင့်..လူယုတ်မာကြီးး..ငါ့မှာ တနေကုန်မင်းကို စောင့်နေခဲ့တာမင်းသိလား..ဒါတောင် မင်းရောက်မလာဘူးးနော်.. ဟင့်ဟင့်..ဘာလို့လဲ..ဘာလို့ရောက်မလာခဲ့တာလဲ..မင်းပြော..ဘာလို့ရောက်မလာခဲ့တာလဲ..ဟင်းဟငိ့ဟင့်..
ပိုင့်ရဲ့ ပေါက်ကွဲနေတဲ့ အသံတို့က..ဆွေးရဲ့မျက်ဝန်းမှာ မျက်ရည်စတို့ကထွက်ကျလာခဲ့သည်။
ငိုယိုနေတဲ့ ပိုင့်ရဲ့ကိုယ်လေးကို သူ့ရင်ခွင်ထဲတွဲသွင်းလိုက်ပီးး
- တောင်းပန်ပါတယ်နော်..မကြောက်နဲ့တော့..ငါရှိတယ်..
ဒါတောင် ပိုင် ငိုသံတို့ကမတိတ်သေးးဖက်ထားပေမဲ့ ပိုင့်ရဲ့လက်တို့က ဆွေးကို ရိုက်နေဆဲ..
- ငါဘယ်လောက်တောင် ကြောက်နေခဲ့လဲ မင်းသိလားး ဒါတောင် မင်းငါ့ကိုပစ်ထားရက့်တယ်..
ဘာလဲ..ခုရော နောက်တစ်ခါပစ်ထားခဲ့ဖို့ ဂတိတွေပေးနေပြန်ပီလား..
ဖက်ထားရာကနေ..ဆွေး ပိုင့်ရဲ့ပုခုံးလေးကိုကိုင်ကာ ခွာလိုက်ပီးး သူနှင့်မျက်နှာချင်းအနေထားလုပ်လိုက်သည်။
- ကိုယ်တောင်းပန်ပါတယ် နော်..နောက်တစ်ခါမင်းကိုပစ်မထားတော့ဘူး ကိုယ်ဂတိပေးတယ်...
ပါးစပ်ကပြောရင်းး ပိုင့်ရဲ့ပါးပြင်ပေါ်က မျက်ရည်တ်ု့ကို သုပ်ပေးလိုက်တဲ့ ဆွေး
- မင်းအရမ်းကြောက်နေခဲ့မှာပဲ..
ေခါင်းကြီးကို ငုံ့ထားပီးး တငြိမ့်ငြိမ့်နဲ့ငြိမ့်ပြကာ..ဆွေးရဲ့ရင်ခွင်ထဲ..နောက်တဖန်ဝင်လာခဲ့ပြန်သည်။
- ငါ့ကိုပစ်မထားပါနဲ့နော်..အဲ့ဒီနေရာကိုထပ်မသွားချင်လို့ပါ..ငါကြောက်တယ်..ငါ့ကို ထပ်မပစ်ထားခဲ့ပါနဲ့..ဆွေး.. အဲ့အခန်းကြီးကိုကြောက်လို့ပါ..
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
part(14)
Start from the beginning
