ခြံတံခါး အပေါက်ဝထိ..လိုက်ပို့ပေးခဲ့ပီး
- တို့မင်းကိုယုံလိုက်မယ်..မင်းဂတိ မင်းတည်ပါစေ..
မိုးခက်ရဲ့ လက်ကို ပိုင် အုပ်မိုးကိုင်လိုက်ပီး
- စိတ်မပူပါနဲ့..ကျနော် စိုင်းညှို့ရှင်ရဲ့ဘေးကနေ အဝေးဆုံးကိုထွက်သွားမှာပါ..ပီးတော့ ခင်ဗျားကို ကျေးဇူးအရမ်းတင်တယ်..
- မင်းအဆင်ပြေပါစေလို့ တို့ဆုတောင်းပေးတယ်..မောင် ပြန်မလာခင် သွားတော့..
- နောက်တစ်ခါ ခင်ဗျားနဲ့ ထပ်တွေ့ခဲ့သည်ရှိသော်..ကျေးဇူးပြန်ဆပ်ပါ့မယ်..ကျေးဇူးထပ်တင်ပါရစေ..မ..
- မိုးခက်..တို့နမည် မိုးခက်ပါ
- ဟုတ် မမိုးခက် ကျနော်ကိုခွင့်ပြုပါအုံးး
ပိုင် ထိုအိမ်ကြီးမှ..လမ်းမကြီးဆီသို့..ခြေဗလာ ဖြင့် ပြေးလာခဲ့ရသည်မှာ..နေခင်းဖြစ်နေတာမို့..နေကပူနေပေမဲ့ ဆောင်းတွင်းဖြစ်တာကြောင့်..ပိုင့်အတွက် အဆင်ပြေတယ်ပဲပြောရမလားး
ဟင့်အင်..သူအဆင်မပြေဘူးး သူ့ရဲ့ ခြေဖဝါးမှာ..သွေးစတို့က ကပ်ပါလာနေသလားးပဲ..ဟုတ်တယ်..ပိုင့်ရဲ့ ခြေဖဝါးမှာ အနဲငယ် ကွဲအပ်နေခဲ့သည်..သို့ပေမဲ့..သူ သူစိုင်းညှို့ဆီမှ လွတ်မြောက်ချင်နေတဲ့ စိတ်သာ ခုချိန်ရှိတော့တယ်..
ကားလမ်းကူးမည့်အလုပ်..သူ့ရှေ့ကားတစ်စီး ရုပ်တရက် ရပ်သွားခဲ့သည်မှာ..ပိုင့်ရဲ့ လက်သီးတို့ ဆုပ်ထားသရောင်..သူကြောက်နေခဲ့တယ်ပဲ ဆိုရမလား..မျက်နှာ မှာ အနဲငယ် စိုးရိမ်မှုတို့က ..
သူထင်နေသည်က..စိုင်းညှို့များ သူကို..တွေ့သွားခဲ့ပီလားလို့ပေါ့..သို့ပေမဲ့ ကားထဲမှ ထွက်လာခဲ့သူက..
ဆွေးး အားမြင်လိုက်ရတော့ ပိုင် ချုပ်တည်းထားတဲ့ စိတ်တို့ လျှော့ချလိုက်ကာ..မျက်နှာပေါ်က..ပြုံးမိရင်းး မျက်ဝန်းတို့မှာ..အရည်လေးတို့က စို့တက်လာခဲ့သည်..
ပိုင် ကိုမြင်လိုက်သည်နှင့် ကားကိုအရှိန်သက်ကာ..ပိုင့် ရှေ့ရပ်လိုက်တဲ့ ဆွေး ကားတံခါးကိုဖွင့်အပီးး ပိုင်သေချာ နေသည်ကြောင့်..ပိုင့်ဆီ ခြေလမ်း အကျယ်ကြီးတို့ဖြင့် လှမ်းလာကာ..ပိုင့်ရဲ့ကိုယ်လေးအား ပွေ့ဖက်လိုက်တော့သည်..
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
part(14)
Start from the beginning
