- ကိုယ်လဲမသိဘူးး သူဆိုင်မလာတာ ဒီနေ့နဲ့ဆို 3 ရက်ရှိပီ...

- ဒါဆို ကိုကိုက အိမ်ပြန်မလာဘူးပေါ့..

- ဘယ်လို..ဘာပြောလိုက်တာလဲ စူးး အပိုင်က အိမ်ပြန်မလာဘူးဆိုတာဘာအဓိပ္ပယ်လဲ..

- ကိုဆွေးနဲ့ရန်ဖြစ်ထားကြတာလားးကိုကိုအိမ်ကိုပြန်မလာဘူးထင်တယ်အိမ်မှာ လူမနေသလိုဘဲ..အိုးထဲက ဟင်းတွေဆို ပုပ်သိုးနေပီ...ကိုကိုက ဟိုမှာပျော်နေတယ် ထင်တယ်..

ဆွေးအစိုးရိမ်တကြီး ထိုင်ရာကနေ ထရပ်ကာ..

- ကိုယ်သိပီ..ဘယ်မှမသွားနဲ့စူးး ဆိုင်ထိုင်ထားပေးအုံးး

ပြောကာ အလောတကြီးထွက်သွားတဲ့ ဆွေးသည်..ဘာတွေသိသွားခဲ့လဲ..ခြေလှမ်းတို့ကရော..အဘယ်ကို ဦးတည်နေသနည်း...

" တောင်းပန်ပါတယ် ငါမင်းကိုပစ်ထားခဲ့မိလို့..မင်းဘာမှမဖြစ်ပါနဲ့နော်..ငါမင်းဆီ အချိန်မှီ ရောက်လာမှာပါ..ကျေးဇူးပြုပီးးကျေးဇူးပြုပီး စောင့်နေပေးပါ..."

ကားကို အရှိန်ပြင်းစွာ..မောင်းနှင်လာခဲ့သည့်..ဆွေးရဲ့..စိတ်တို့က..ပိုင့်အားးအတော့်ကိုစိုးရိမ်နေမိခဲ့သည်လေ...ပါးစပ်ဖျားတို့မှလဲ..တိုးတိုးတိုးတိုးဖြင့်..ပိုင့်အားး ပြောပြနေသလိုလို...

......

- မင်းကို လွှတ်ပေးရမယ်..?? ဟုပ်လားး မောင်က မင်းကို အကြောင်းမဲ့သက်သက်တော့ဖမ်းထားမှာမဟုပ်ဘူးး..

- ဟုတ်တယ်..အကြောင်းရှိတယ်.ခင်ဗျားမသိတာလားး..ကြည့်စမ်းး.ခင်ဗျားကြည့်လေ..ဒီတစ်ခန်းတခုလုံးကို..ဒါတွေက ဘယ်သူ့ဓာတ်ပုံတွေလဲဆိုတာ..

ထိုကောင့်လေးပြောမှပဲ..မိုးခက် အခန်းတခုလုံးကို ဝေ့ကြည့်မိတော့သည်...သူပြောသလိုပဲ..ထိုကောင်လေးရဲ့ ဓာတ်ပုံတွေ...
ဒါက..ဒါက..ဘယ်လိုဖြစ်တာလဲ..

မိုးခက် မယုံကြည်နိုင်စွာ..စိတ်ရှုပ်ထွေးသွားခဲ့သည်..

- ဘာလို့..ဘာလို့မင်းပုံတွေက...ဒီမှာ...

စကားတို့က စိုးရိမ်မှုကို ပြနေမှန်းသိပ်သိသာလွန်းသည်..မိုးခက်ရဲ့ မျက်နှာဝယ်..စိုးရိမ်မှုတို့က ထင်ကနဲ...

- ကျနောိပြောတာ ယုံပေးပါနော်...စိုင်းညှို့ရှင် ကျနော့ကို ဖမ်းထားတယ်ဆိုတာ အမှန်ပါ..ကျနော်သူ့ဆီ မှာဆက်မနေပါရစေနဲ့...ကျနော့ကိုကယ်ပေးပါ..ကျနော်လွှတ်မြောက်ဖို့က.ခင်ဗျားတစ်ယောက်ပဲရှိတော့တယ်..ကျေးဇူးပြုပီး..

မိုးခက် အတက်နိုင်ဆုံးး ကိုယ့်ကိုကိုယ် စိတ်ထိန်းထားရင်းး..

- .မောင်က မင်းကိုအရမ်းချစ်တယ် နဲ့တူတယ်..သူသုံးနေကြ အနီရောင်တောင် ဒီအခမ်းထဲမှာ မသုံးထားဘူးး မင်းက အပြာရောင်ကြိုက်တယ်မို့လားး အဟင်းး တို့တောင်မှန်းတက်သွားပီ..မင်းသိပ်ကံကောင်းတာပဲကွာ..တို့က သူအနားမှာ အမြဲရှိပေးနေခဲ့ပေမဲ့..မင်းကိုချစ်တဲ့ အချစ်လိုမျိုးတော့တခါမှမရခဲ့ဘူးး..မင်းကံကောင်းပါတယ်..
ကောင်းပီ..တို့မင်းကိုကူညီမယ်..ဒါပေမဲ့ ကူညီပီးရင် မင်းတို့အတွက်တခုပြန်လုပ်ပေးရမယ်..

- တကယ်ပြောတာလားး..ဒီကနေလွှတ်မယ်ဆိုရင်..ကျနော်ပြန်လုပ်ပေးမယ်..ဘာများလဲ..

- ထွက်သွားး..မောင်နဲ့အဝေးဆုံးကိုထွက်သွားပေး..မင်းကိုသာ..မောင်ပြန်ရှာတွေ့ခဲ့ရင်..နောက်တခါ ငါကူညီနိုင်မှာမဟုပ်တော့ဘူးး..သူကသိပ်ကြောက်ဖို့ကောင်းတာ..အဝေးဆုံးကိုထွက်သွားပေးပါ..တို့တောင်းဆိုပါတယ်...

- ကျေးဇူးတင်ပါတယ်..ကျနော့ကိုကူညီပေးတဲ့အတွက်..ခင်ဗျားစိတ်မပူပါနဲ့..ကျနော့သူ့ဆီကနေ အဝေးဆုံးကိုထွက်သွားပေးမှာမို့လို့ ခင်ဗျား ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာပါ..

ပိုင့်ရဲ့ စကားကို..မိုးခက် လှောင်ပြောင်လိုက်သလားးသူပြုံးရယ်လိုက်သည်..

- အဟင်းးချစ်သူ..?? မဟုပ်ဘူးးနော်ကောင်လေး...မောင်က တို့ရဲ့ တရားဝင် ယောက်ျား...

- ဘယ်လို...

Coming Soon part - 14

#HSU

~~~ Everything For You ~~ <completed>Where stories live. Discover now