- တောင်းပန်ပါတယ်...
အသံကမတိုးမကျယ်သော အသံသည်..စူးဆီမှ ထွက်လာခဲ့သည်..ထိုစကားပဲလားး
စူးထိုစကားပဲပြောထွက်ခဲ့တယ်..သို့ပေမဲ့ သူ့ရင်ထဲမှာ ဘာတွေဖြစ်နေခဲ့မလဲဆိုတာ..ခင်ဗျားတို့ကြည့်ရုံနဲ့ မမြင်နိုင်ကြဘူးလေ..
သနားကောင်းလိုက်တဲ့ စူးရယ်...
- အဟင်းးတောင်းပန်ပါတယ်တဲ့လားး ဒါက ငါတို့ရဲ့ သံယောဇဉ်တွေကို ဖြတ်တောက်လိုက်တဲ့ မင်းရဲ့ နောက်ဆုံးစကားလားဟင်စူးး..ဟင့်အင်မဟုပ်ဘူးမလားး မပြောနဲ့ နောက်ဆုံးစကား ဆိုရင်..မပြောပါနဲ့ စူးး..မင်းကိုမေ့ပစ်ဖို့ မလွယ်လို့ပါ..
ပါးပြင်ပေါ်..အရည်ပူပူတို့ကကျဆင်းသွားသည်နှင့်အတူ..စူးအားကျောခိုင်းလိုက်သည်။
- သွားတော့..ငါမင်းကို တခုခုမလုပ်မိခင်..မင်းသွားလိုက်တော့...
ဝေယံ ထွက်သွားခိုင့းလိုက်တာကြောင့် စူးမျက်နှာမကောင်းစွာ..ထိုအိမ်ကြီးထဲမှ...
" စိတ်နာသင့်ရင် စိတ်နာလိုက်ပါ.. ငါမင်းကိုထပ်ပီးဒဏ်ရာမပေးချင်တော့ဘူးး ဟုတ်ပါတယ် မင်းပြောတာမှန်တယ်..ဝေယံ....ငါတို့ဖြစ်ပျတ်ခဲ့တာတွေက ကလေးကစား စရာမှမဟုပ်ခဲ့တာ..မေ့ပစ်ဖို့ဘယ်လွယ်ပါ့မလဲ..မင်းထင်မှာပေါ့..ငါကရော မေ့ပစ်ဖို့လွယ်မယ်ထင်လို့လားးဟင့်အင်..မလွယ်ဘူးလေ..ဒါပေမဲ့ မမှားသင့်တဲ့ အမှားကြောင့် ငါချစ်တဲ့သူကိုတော့ မစွန့်လွှတ်နိုင်တာ..ငါ့အပစ်တခုလို့ဆိုလို့ရတယ်..ဒါပေမဲ့ ငါအတ္တဆန်ချင်တယ်ဝေယံ..ကိုစိုင်း ကိုမစွန့်လွှတ်နိုင်သ၍ သူ့ကို ပိုင်ဆိုင်ရဖို့ ပြိုင်လုသင့်ရင် ပြိုင်လုရမှာပဲ..သူက ငါ့အစ်ကိုရင်းမှ မဟုပ်ခဲ့တာ.."
........
ကုတင်ခြေရင်းလေးမှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ ပိုင့်ကို sofa ပေါ်မှခြေ ချိတ်ထိုင်ကာ.. တစိမ့်စိမ့်ကြည့်နေတဲ့..စိုင်းညှို့ရဲ့စိတ်တို့က..နဲနဲများအရိုင်းဆန်နေသလို...
သို့ပေမဲ့..သူထိုအတိုင်းလေးပဲ ပိုင့်အားကြည့်နေရတာ..အရမ်းနှစ်သက်တယ် နှင့်တူတယ်..တချက်တချက်..နှခမ်းပါးတို့က..ပြုံးရယ်သွားတက်သည်လေ..
" အိပ်ပျော်နေတဲ့ အချိန်ဆို..မင်းကသိပ်လှတာပဲ..ပိုင် ရယ် ဒါပေမဲ့ ငါအမြတ်နိုးဆုံး မင့းရဲ့မျက်ဝန်းညိုတွေကိုတော့..ဘယ်မြင်ခွင့်ရပါ့မလဲ..ကိုယ်ကြိုက်တယ်..ဒီလိုလေး..မင်းသာအမြဲအိပ်ပျော်နေခဲ့ရင် မင်းရဲ့မုန်းတယ်ဆိုတဲ့စကား ငါဘယ်တော့မှကြားရတော့မှာမဟုပ်ဘူး...ငါ့အတွက်..မင်းတသက်လုံးအိပ်ပျော်ပေးနိုင်မလားး...အဟင်းး"
YOU ARE READING
~~~ Everything For You ~~ <completed>
Fantasyဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
part(13)
Start from the beginning
