- သွားတော့..ငါမင်းကို တခုခုမလုပ်မိခင်..မင်းသွားလိုက်တော့...

ဝေယံ ထွက်သွားခိုင့းလိုက်တာကြောင့် စူးမျက်နှာမကောင်းစွာ..ထိုအိမ်ကြီးထဲမှ...

" စိတ်နာသင့်ရင် စိတ်နာလိုက်ပါ.. ငါမင်းကိုထပ်ပီးဒဏ်ရာမပေးချင်တော့ဘူးး ဟုတ်ပါတယ် မင်းပြောတာမှန်တယ်..ဝေယံ....ငါတို့ဖြစ်ပျတ်ခဲ့တာတွေက ကလေးကစား စရာမှမဟုပ်ခဲ့တာ..မေ့ပစ်ဖို့ဘယ်လွယ်ပါ့မလဲ..မင်းထင်မှာပေါ့..ငါကရော မေ့ပစ်ဖို့လွယ်မယ်ထင်လို့လားးဟင့်အင်..မလွယ်ဘူးလေ..ဒါပေမဲ့ မမှားသင့်တဲ့ အမှားကြောင့် ငါချစ်တဲ့သူကိုတော့ မစွန့်လွှတ်နိုင်တာ..ငါ့အပစ်တခုလို့ဆိုလို့ရတယ်..ဒါပေမဲ့ ငါအတ္တဆန်ချင်တယ်ဝေယံ..ကိုစိုင်း ကိုမစွန့်လွှတ်နိုင်သ၍ သူ့ကို ပိုင်ဆိုင်ရဖို့ ပြိုင်လုသင့်ရင် ပြိုင်လုရမှာပဲ..သူက ငါ့အစ်ကိုရင်းမှ မဟုပ်ခဲ့တာ.."

........

ကုတင်ခြေရင်းလေးမှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ ပိုင့်ကို sofa ပေါ်မှခြေ ချိတ်ထိုင်ကာ.. တစိမ့်စိမ့်ကြည့်နေတဲ့..စိုင်းညှို့ရဲ့စိတ်တို့က..နဲနဲများအရိုင်းဆန်နေသလို...
သို့ပေမဲ့..သူထိုအတိုင်းလေးပဲ ပိုင့်အားကြည့်နေရတာ..အရမ်းနှစ်သက်တယ် နှင့်တူတယ်..တချက်တချက်..နှခမ်းပါးတို့က..ပြုံးရယ်သွားတက်သည်လေ..

" အိပ်ပျော်နေတဲ့ အချိန်ဆို..မင်းကသိပ်လှတာပဲ..ပိုင် ရယ် ဒါပေမဲ့ ငါအမြတ်နိုးဆုံး မင့းရဲ့မျက်ဝန်းညိုတွေကိုတော့..ဘယ်မြင်ခွင့်ရပါ့မလဲ..ကိုယ်ကြိုက်တယ်..ဒီလိုလေး..မင်းသာအမြဲအိပ်ပျော်နေခဲ့ရင် မင်းရဲ့မုန်းတယ်ဆိုတဲ့စကား ငါဘယ်တော့မှကြားရတော့မှာမဟုပ်ဘူး...ငါ့အတွက်..မင်းတသက်လုံးအိပ်ပျော်ပေးနိုင်မလားး...အဟင်းး"

ထို့နောက် sofa ပေါ်မှထရပ်လိုက်ပီးး ခြေလှမ်းတို့က ပိုင့်ဆီ....
ကြမ်းပြင်ကော်ဇော ပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ ပိုင့်ရဲ့ကိုယ်လုံး သေးသေးလေးအား စိုင်းညှို့အသာ ကောက်ပွေ့ချီလိုက်ပီးး..အနီရောင် ကုတင်ကြီးပေါ် ချသိပ်လိုက်သည်။..
ဘယ်လောက်တောင် အိပ်ပျတ်နေလဲမသိ..သူလေးနိုးတောင် နိုးမလာခဲ့ဘူးးး.
ကုတင်စွန်းလေးတွင် တစောင်းဝင်ထိုင်လိုက်ပီးး ပိုင့်ရဲ့ မျက်နှာလေးကို..သူ့ရဲ့လက်ချောင်းဖြူဖြူ..သွယ်သွယ်လေးတွေက...​ဖြေးညင်းစွာ..ထိတွေ့နေခဲ့သည်..
အနီးကပ်ကြည့်မှ..မင်းကပိုပီး ကိုယ့်ကိုစွဲဆောင်နေသလိုပဲ...မင်းသိရဲ့လားးပိုင် မင်းကိုယ့်အနား.ရှိတဲ့ညတွေဆို..အိမ်မက်စိုးတွေက ဘယ်တွေပြောက်နေလဲမသိဘူးး..ကိုယ့်ဆီလမ်းမှားလို့တောင် ရောက်မလာကြဘူးး..ကိုယ်ခုဆိုကောင်းကောင်းအိပ်ပျော်နေပီ...ဒါကြောင့်..ကိုယ့်အနားမှာ အမြဲအိပ်စက်ပေးနိုင်မလားး....

~~~ Everything For You ~~ <completed>Where stories live. Discover now