- ဘာလို့ရောက်မလာခဲ့တာလဲ?? ဟင့်ဟင့် ဘာလို့လဲ..ဘာလို့ မင်းရောက်မလာခဲ့တာလဲ...ငါမင်းကို စောင့်နေခဲ့တာကွ...မင်းလာမဲ့အထိ..ဒါပေမဲ့ မင်းရောက်မလာခဲ့ဘူးးး...ငါငိုနေတယ်လေ..ဆွေး မင်းငါ့မျက်ရည်တွေကိုလာသုပ်ပေးအုံးး ပီးတော့ မင်းရဲ့ရင်ဘတ်ကြီးကိုထုပီးး ငိုချပစ်လိုက်ချင်တယ်..မင်းဘယ်မှာလဲဆွေးးရာ.. ငါ့ကိုလာခေါ်ပေးလို့ရမလားး
နံရံကိုမှီပီးး ဒူးထောင်ကာ..မျက်နှာအုပ်ငိုနေခဲ့သော ကောင်လေး ထိုအခန်းထဲဝယ်..အထီးကျန်မှုတို့နှင့်...ရောယှက်နေလေသည့် ထိုတစ်ညတာ...
......
- ကျေးဇူးတင်ပါတယ် သား မာမီ့ကိုကူညီပေးခဲ့လို့
- မလိုဘူးး ခင်ဗျားဆီက ကျေးဇူးတင်စကားတွေ..ကျနော့အတွက်အသုံးမဝင်ဘူးး အရင်လိုပဲဆက်ဆံပါ
- သားသစ် ဒီနေ့ဘာစားချင်လဲ မာမီကိုပြောလေ..
sofa ပေါ်ခြေချိတ်ထိုင်ကာ သတင်းစာဖတ်နေတဲ့ သစ်ဆွေးသည်..သူ၏မိထွေးဖြစ်သူ.ဒေါ်ဝင့်ထည်... စကားများနေပုံကြောင့်.တိုနေတဲ့စိတ်တို့က ပိုတိုသထက်တိုလာလေမိတော့..
ကိုင်ထားတဲ့ ဂျာနယ်စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်ကာ..မတ်တပ်ထရပ်လိုက်တဲ့ သစ်ဆွေးး.
- ကျနော့ကိုပုံမှန်လို ဆက်ဆံ..ခင်ဗျားရဲ့ အသက်မပါတဲ့ကြင်နာယုယမှုတွေကို ကျနော်အထင်မကြီးးဘူးးအခုလို ခင်ဗျားကို ကျနော်ကူညီလိုက်တာ ကျနော့ အဖေလက်ထပ်က ကုမ္ပဏီ ဒေဝါလီခံလိုက်ရမှာစိုးလို့ ဆိုတာ ခင်ဗျားမှတ်ထားး
ဒေါ်ဝင့်ထည် မျက်နှာချိုသွေးကာ..
- အေးပါဟယ် ကျေးဇူးတင်ပါတယ် နင့်အဖေမျက်နှာထောက်ပေးခဲ့လို့..နောက်ထပ် ထပ်ပီးတောင်းဆိုပါရစေ..အဲ့ကောင်လေးကိုဘယ်တော့မှသွားပီး မပတ်သက်ပါနဲ့တော့နော်..မဟုပ်ရင်..
- ခင်ဗျားသွားတော့..ကျနော်သိတယ်...
ဒေါ်ဝင့်ထည် ထွက်သွားတော့..သစ်ဆွေးးခြေပစ်လက်ပစ် sofa ပေါ်ထိုင်ချပစ်လိုက်တော့သည်...မျက်နှာအားလက်တို့ဖြင့် စိတ်ရှုပ်စွာ ပွတ်သပ်လိုက်ပီးး
- တောင်းပန်ပါတယ် အပိုင် မင်းဆီငါရောက်မလာနိုင်တော့ဘူးးတောင်းပန်ပါတယ်...
......
- အဲ့လောက်မသောက်နဲ့လေ စူးရယ်..မင်းအိမ်ပြန်သင့်နေပီ..မင်းအစ်ကိုဘယ်လောက်စိတ်ပူနေလိုက်မလဲ..
အရက်တွေတရပ်စပ်သောက်နေတဲ့ စူးကြောင့်သူငယ်ချင်းဖြစ်သူ ဝေယံ တားနေပေမဲ့လဲ ဆက်သာသောက်နေခဲ့လေတယ်...
- အဟက်..သူက..ငါ့ကိုစိတ်ပူမှာ ဟုပ်လားးဝေယံ...ဟားဟားဟားး ရယ်စရာတွေမပြောနဲ့ကွာ..သူက အခုဆို ကိုစိုင်းနဲ့ပျော်နေပီကွ...ငါ့ကိုစိတ်မပူလို့ လာမရှာတာ အဲဒါမင်းအသိဆုံးးပဲလေကွာ..ကိုကိုမကောင်းဘူးး ဟင့်ဟင့်..ကိုကို ငါ့ကိုပစ်ထားတယ်..မဟုပ်ဘူး ကိုကိုတင်မဟုပ်ဘူးး အားလုံးးအားလုံးက ငါ့ကိုပစ်ထားကြတယ် ဝေယံရာ..ခံစားရတယ်..ဒီရင်ဘတ်ကြီးထဲမှာ လေ နစ်နေအောင်ခံစားနေရတာ..အဲဒါ မင်းသိလားး..ဟန် မင့းသိလားဝေယံ..
- အေးအေး သိပါတယ်..တော်တော့နော် မင်းအရမ်းမူးနေပီ...
- ဘာ..ငါမူးနေတာလားးမင်းမူးနေတာလားးငါမမူးသေးဘူးးနော် မူးအောင်သောက်မှ အားလုံးကိုမေ့နိုင်မှာ..ခဏလေးဖြစ်ဖြစ် မေ့ပစ်ချင်တယ် ကိုစိုင်းရာ..ခင်ဗျားရီးကို ချစ်နေတဲ့အကြောင်းတွေ ခဏလောက်ပဲဖြစ်ဖြစ် မေ့ပစ်ချင်တယ်...ချစ်တယ်..အဆုံးရှုံးမခံပါရစေနဲ့...ကိုကိုနဲ့ ပြိုင်လုရအောင် ဖိအားတွေမပေးပါနဲ့လားး ဟင့်ဟင့်..စူးရင်တွေ..မခံနိုင်တော့လို့ပါ..ပြိုင်မလုပါရစေနဲ့..တောင်းပန်းပါတယ် ဗျာ ကိုစိုင်းး!! ချစ်တယ်လို့...
မူးမူးနဲ့ အော်ပြောရင်းး စားပွဲပေါ် မှောက်သွားခဲ့ပီ.
ခဏလောက်လေးမေ့ပစ်ဖို့အတွက်..သောက်လိုက်တဲ့ အရက်ပုလင်းးတွေ...
သိပ်သနားစရာကောင်းလိုက်တဲ့ စူးရယ်...
မင်းသာ..ဘေးမှာအမြဲရှိနေတက်တဲ့ ငါ့ကိုမြင်နိုင်ခဲ့ရင်..သိပ်ကောင်းမှာပဲ..ဒါက မင်းကို တိတ်တိတ်လေး ချစ်နေရတဲ့ ဝဋ်တမျိုးပေါ့...ဝဋ်ရှိလဲ ဒီဝဋ်တွေကနေ ရုန်းမထွက်ချင်ဘူးစူး အနည်းဆုံးတော့..မင်းဘေးအနားနေပီး နှစ်သိမ့်ပေးနိုင်တယ်လေ...
......
US ကနေ ညflight နဲ့စီးလာခဲ့တာ မနက်မှ ရောက်လာသည်ကြောင့်..ရောက်ရောက်ချင်းး စိုင်းညှို့ ကို မြင်ချင်တဲ့စိတ်တို့က ထိန်းမချုပ်နိုင်...ဒါကြောင့် လေဆိပ်က ဆင်းဆင်းချင်းး
စိုင်းညှို့ရဲ့အိမ်ဆီသို့...
အိမ်ထဲကို ဝင်ဝင်ချင်းမှပဲ..မြင်ချင်နေတဲ့ ကိုယ့်ရဲ့ချစ်ရသူကို တမ်းတွေ့လိုက်ရတော့...
- မောင်...
Coming Soon Part - 12
#HSU
ANDA SEDANG MEMBACA
~~~ Everything For You ~~ <completed>
Fantasiဒုတိယမြောက်ရေးသားခဲ့သော ficလေး မို့လို့ အရေးသားညံ့ခဲ့ရင် နားလည်ပေးစေချင်ပါသည်။🙏🙏 Psycho bl fiction Completed #HSU
part(11)
Mula dari awal
