- ခွပ်..!!

စိုင်းညှို့ရဲ့ပါးပြင်ပေါ် လက်သီးတချပ်..
ပိုင် ထိုးလိုက်ကာ..

- မုန်းတယ်..အခုလဲမုန်းတယ်..နောက်လဲမင်းကိုအမြဲမုန်းနေမှာ..ငါ့အချစ်ကို မင်းဘယ်တော့မှမရစေရဘူးး

- မုန်းးး!! ငါကတော့မင်းကိုချစ်တယ်..အေး အဲ့အချစ်တွေက အတ္တဆန်တယ်ပဲပြောပြော တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော..မင်းက ငါ့အတွက်ပဲဖြစ်စေရမယ်...မင်းသိထားဖို့က ငါလျှောက်မဲ့လမ်းမှာ ဆူးတွေ့ရင် ဖယ်မယ်..ဒါကြောင့်..ငါနဲ့မင်းကြား နှောက်ယှက်တဲ့သူမှန်သမျှ..သွားသင့်တဲ့နေရာ..တစ်နေရာပဲရှိတယ်..

- အချစ်ကို အတင်းလုပ်ယူလို့မရဘူးစိုင်းညှို့ရှင်...အတ္တဆန်တဲ့အချစ်တွေရဲ့နောက်မှာ..ကိုယ်ပဲနာကျင်ခံစားရမှာ..အချစ်ကိုလေးစားပေးလို့ရမလားး

- မင်းကိုချစ်တာ အပစ်တခုလို့ မင်းကယူဆနေတာလားးပိုင် ငါချစ်တာ ဟိုးငယ်လေးကတည်းကပါ ငါ့ဘက်ကိုနဲနဲလေးပဲဖစ်ဖြစ် လှည့်ကြည့်ပေးလို့ရမလားး.နဲနဲလေးဖြစ်ဖြစ်ပေါ့...အချစ်ကိုလေးစားပေးရအောငျ.ငယ်ငယ်ကတည်းက.အချစ်ဆိုတာ..ငါ့ဘက်မှာမရှိခဲ့ဘူးးလေ..အမြဲတမ်းတစ်ယောက်ထဲကြီးပြင်းလာခဲ့သူမို့လို့ မင်းနဲ့တွေ့မှ ငါ့ရဲ့နှလုံးသားက ခုန်ခုန်တက်လာခဲ့ဖူးတာ..ဒါတောင် ပြန်ရခဲ့တာ..အမုန်းတဲ့လားးးဟားဟားဟားဟားးအမုန်းတဲ့လားးကွာမင်းရဲ့အမုန်းတွေက ငါ့ရဲ့ရှင်သန်မှုတခုပဲပိုင်..မင်းမချစ်ရင်နေပါစေတော့..ငါဆိုတဲ့ စိုင်းညှို့ရှင် မင်းကိုချစ်နေရင်လုံလောက်ပီ...

ကျောခိုင်းကာထွက်သွားတဲ့ကျောပြင်ကျယ်အားး ပိုင် ငေးကြည့်နေမိတော့သည်...
ထို့နောက် ဘေးက စားပွဲပေါ်မှာတင်ထားတဲ့ နှင်းဆီအနီရောင်ထိုးထားတဲ့ပန်းအိုးလေးက...တဖက် နံရံဆီသို့

- ခွမ်...!!

- အရူးးမင်းကအရူးးပဲ...အဟင့်ဟင့် အရူးး..
ဟင့်ဟင့်

ကြမ်းပြင်ပေါ်သာ..ဒူးမခိုင်နိုင် ပျော့ခွေကာ ထိုင်ချမိလိုက်တော့သည်...ပါးပြင်ပေါ် စီးကျလာတဲ့ အရည်ပူလေးတွေက..အတားစီးမဲ့စွာ...
ထိုအချိန်မှာသာ..ပိုင့်ရဲ့ဘေးနား နှစ်သိမ့်ပေးနေတက်တဲ့ တစ်ယောက်ထဲသောသူအားး သတိရနေမိခဲ့ပြန်တယ်...

~~~ Everything For You ~~ <completed>Where stories live. Discover now