- ဘာလို့ရောက်မလာခဲ့တာလဲ?? ဟင့်ဟင့် ဘာလို့လဲ..ဘာလို့ မင်းရောက်မလာခဲ့တာလဲ...ငါမင်းကို စောင့်နေခဲ့တာကွ...မင်းလာမဲ့အထိ..ဒါပေမဲ့ မင်းရောက်မလာခဲ့ဘူးးး...ငါငိုနေတယ်လေ..ဆွေး မင်းငါ့မျက်ရည်တွေကိုလာသုပ်ပေးအုံးး ပီးတော့ မင်းရဲ့ရင်ဘတ်ကြီးကိုထုပီးး ငိုချပစ်လိုက်ချင်တယ်..မင်းဘယ်မှာလဲဆွေးးရာ.. ငါ့ကိုလာခေါ်ပေးလို့ရမလားး

နံရံကိုမှီပီးး ဒူးထောင်ကာ..မျက်နှာအုပ်ငိုနေခဲ့သော ကောင်လေး ထိုအခန်းထဲဝယ်..အထီးကျန်မှုတို့နှင့်...ရောယှက်နေလေသည့် ထိုတစ်ညတာ...

......

- ကျေးဇူးတင်ပါတယ် သား မာမီ့ကိုကူညီပေးခဲ့လို့

- မလိုဘူးး ခင်ဗျားဆီက ကျေးဇူးတင်စကားတွေ..ကျနော့အတွက်အသုံးမဝင်ဘူးး အရင်လိုပဲဆက်ဆံပါ

- သားသစ် ဒီနေ့ဘာစားချင်လဲ မာမီကိုပြောလေ..

sofa ပေါ်ခြေချိတ်ထိုင်ကာ သတင်းစာဖတ်နေတဲ့ သစ်ဆွေးသည်..သူ၏မိထွေးဖြစ်သူ.ဒေါ်ဝင့်ထည်... စကားများနေပုံကြောင့်.တိုနေတဲ့စိတ်တို့က ပိုတိုသထက်တိုလာလေမိတော့..
ကိုင်ထားတဲ့ ဂျာနယ်စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်ကာ..မတ်တပ်ထရပ်လိုက်တဲ့ သစ်ဆွေးး.

- ကျနော့ကိုပုံမှန်လို ဆက်ဆံ..ခင်ဗျားရဲ့ အသက်မပါတဲ့ကြင်နာယုယမှုတွေကို ကျနော်အထင်မကြီးးဘူးးအခုလို ခင်ဗျားကို ကျနော်ကူညီလိုက်တာ ကျနော့ အဖေလက်ထပ်က ကုမ္ပဏီ ဒေဝါလီခံလိုက်ရမှာစိုးလို့ ဆိုတာ ခင်ဗျားမှတ်ထားး

ဒေါ်ဝင့်ထည် မျက်နှာချိုသွေးကာ..

- အေးပါဟယ် ကျေးဇူးတင်ပါတယ် နင့်အဖေမျက်နှာထောက်ပေးခဲ့လို့..နောက်ထပ် ထပ်ပီးတောင်းဆိုပါရစေ..အဲ့ကောင်လေးကိုဘယ်တော့မှသွားပီး မပတ်သက်ပါနဲ့တော့နော်..မဟုပ်ရင်..

- ခင်ဗျားသွားတော့..ကျနော်သိတယ်...

ဒေါ်ဝင့်ထည် ထွက်သွားတော့..သစ်ဆွေးးခြေပစ်လက်ပစ် sofa ပေါ်ထိုင်ချပစ်လိုက်တော့သည်...မျက်နှာအားလက်တို့ဖြင့် စိတ်ရှုပ်စွာ ပွတ်သပ်လိုက်ပီးး

- တောင်းပန်ပါတယ် အပိုင် မင်းဆီငါရောက်မလာနိုင်တော့ဘူးးတောင်းပန်ပါတယ်...

~~~ Everything For You ~~ <completed>Where stories live. Discover now