မီးပြတ်သွားတဲ့ အခန်းထဲ နောက်တချိန် ပြန်ရောက်လာသည်ဟုသာ..ပိုင့်ရဲ့ အတွေးထဲ..စိတ်ထင်ရောင်ထင်မှားးး

- ကြောက်တယ်..ကြောက်တယ်..

- အပိုင် ငါရှိတယ်နော် မကြောက်နဲ့  သတိထားအုံးလေ..

- ကြောက်တယ်..ကြောက်တယ်..

ပိုင့်ကို အိမ်ရှေ့ထိ လိုက်ပို့ပေးခဲ့ပေမဲ့ တစ်ယောက်ထဲ စိတ်မချသည်ကြောင့် အိမ်ရှေ့မှာ အအေးခံကာ သူရပ်စောင့်နေခဲ့သည်...ထင်တဲ့အတိုင်းပဲ..
တလမ်းလုံး မီးပြတ်သွားတာ မြင်လိုက်ရတော့..ကျနော့ရင်ထဲ ဒိန်းကနဲ..
ဘာလို့လဲလို့ ပြန်မမေးနဲ့
အပိုင် ကအမှောင်ကို သိပ်ကြောက်တာ...

မီးပြတ်ပြတ်ချင်း ခြံတံခါးကိုကျော်ဝင်ကာ ပိုင်ရှိမဲ့ အခန်းထဲသို့...
ထင်တဲ့အတိုင်းပဲ..သူငိုနေတယ်ဗျ...
ပိုင် ငိုနေသည်ကို မြင်လိုက်ရတော့
ဆွေးပိုင့်ကိုယ်လေးကို ပွေ့ဖက်ထားကာ..နှစ်သိမ်ပေးနေခဲ့သည်လေ...

- ပိုင်ရယ်..ငါရှိနေပီနော် မကြောက်နဲ့တော့

- ဆွေးး ဆွေးလားဟင်

- ဟုတ်တယ် အပိုင် ငါရှိနေပီနော် မကြောက်နဲ့တော့

အခန်းထဲ မှောင်မဲနေတာကြောင့် တစ်ယောက်ကိုတစ်ယောက်မမြင်ရပေမဲ့ ဆွေးရဲ့အသံကြားလိုက်ရတော့ ပိုင့်ရဲ့ထင်ရောင်ထင်မှား စိတ်တို့က နဲနဲပြေပြောက်လုနီးပါးးး

- ဆွေးးငါ့ကိုခေါ်သွားပါ ဒီမှာမနေချင်ဘူးးဒီအမှောင်ခန်းထဲမှာ ငါ့ကိုပိတ်လှောင်ထားကြတယ်..အဟင့်ဟင့် ငါမနေချင်ဘူးဆွေး..ခေါ်သွားပေးပါနော်

- သတိထားအုံးလေ အပိုင် ဒါမင်းအခန်းလေ မီးပြတ်သွားတာပါ..နော်သတိထားအုံးးး

- ငါ့အခန်းး?? ငါ့အခန်းလားး??

- ဟုတ်တယ် မင်းအခန်းးမကြောက်နဲ့နော် ငါမင်းဘေးမှာရှိတယ်..

ထို့နောက် ဘောင်းဘီ အိပ်ကပ်ထဲမှ ဖုန်းမီးဖွင့်လိုက်ပီးးအခန်းထဲအားးမီးအလင်းရောင် ရအောင်လုပ်ပေးလိုက်တော့..ပိုင့်ရဲ့ နီရဲနေတဲ့ မျက်ဝန်းညိုနှင့်အတူ..မျက်နှာလေးအားးကျနော်ကွက်ကွက်ကွင်းမြင်လိုက်ရသည်...

~~~ Everything For You ~~ <completed>Where stories live. Discover now