- သင်တန်းသွားတယ်ကိုကိုတစ်ယောက်ထဲပါ ကိုစိုင်းစိတ်မပူပါနဲ့နော် စိတ်ကိုလျှော့လိုက်
ကိုစိုင်းသိလားး ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်တဲ့အခါ ခံစားရတဲ့ခံစားချက်ကို..ကိုစိုင်းတော့မသိဝူးးစူးလေ ဒီရင်ဘတ်ကြီးထဲမှာ မီးလိုပဲ အရမ်းပူလောင်နေရတယ် အဲတော့ စူးဘာလုပ်သင့်လဲ

ထိုစကားကြောင့် စိုင်းညှို့ရဲ့ မျက်ဝန်းတို့က စူးဆီလှည့်ကြည့်လာခဲ့တယ်..

- သူ​ပျော်နေလေးကို စူးကြည့်ပဲကြည့်နေလိုက်တော့မယ် သူ့ရဲ့ ဖြစ်တည်မှုတိုင်းက စူးရဲ့အသက်ရှုသံတွေ နိမ့်ချီမြင့်ချီ ဖြစ်နေတဲ့ စူးရဲ်ရင်ခုန်သံက သူ့ရဲ့ ဖြစ်တည်မှုပဲ အချစ်က ပေးဆပ်ဖို့သက်သက်ရယ် ဖြစ်လာခဲ့တာ မပိုင်ဆိုင်ရရင်နေပါစေတော့ ...

- မဟုပ်ဘူးး ငါချစ်တဲ့အချစ်တွေက လေးနက်လွန်းတဲ့အခါ ဘယ်တော့မှ သူ့ကိုအလွတ်မပေးဘူးးငါ့အပိုင့်က နဂို့ကတည်းက ပိုင်တစ်ယောက်ထဲ..

ပြောပီးသည်နှင့် ထိုဆိုင်ထဲမှ ထွက်သွားခဲ့သော စိုင်းညှို့..
ထိုစားပွဲလေးတွင် စိုင်းညှို့ထွက်သွားခဲ့ပေမဲ့ သူထိုင်ခဲ့တဲ့ နေရာလေးအာ..စူးးမျက်ရည်တို့ရစ်သီးကာ..ဆက်ကြည့်နေခဲ့သေးသည်

" ကျနော်ကလေ မွေးဖွားလာကတည်းက အချစ်အတွက်ဆို ပေးဆပ်ရုံသက်သက်များလားးဒါတောင် အမှတ်မရှိ အဟင်းးကျနော်ကလေ ဆက်ချစ်ချင်နေတုန်းး အရေးကြီးဆုံးသူတစ်ယောက်မဖြစ်နိုင်တောင် အသုံးချလို့ရမဲ့ ထောင့်တစ်နေရာ လောက်မှာ ရှိနေခဲ့ချင်တာ..မမှားပါဘူးးစူးမမှားပါဘူးနော်.."

.....

သင်တန်းကဆင်းတော့ အိမ်နှင့်သင်တန်းသိပ်မဝေးသည်ကြောင့်
ပိုင် အိမ်ကိုသာ လမ်းလျှောက်ပြန်လာခဲ့သည်

- ပွမ် ပွမ်

နောက်မှ ကားဟွန်းသံကြောင့် ပိုင် လှည့်ကြည့်လိုက်တော့ စိတ်ပျတ်လက်ပြတ် ပိုင်ခေါင်းခါမိလိုက်တယ်..ပိုင်နှင့်ဘေးချင်းကပ် စိုင်းညှို့ ကားအားဖြေးငြင်းစွာ မောင်းရင်း

- လမ်းမလျှောက်နဲ့ ကိုယ်လိုက်ပို့ပေးမယ်

မကြားသလိုသာ ရှေ့ဆက်လျှောက်နေခဲ့သည့် ပိုင်
ထို့နောက် ကားကို ရှေ့ပိတ်ရပ်လိုက်ပီးးကားပေါ်က smark ကျစွာဆင်းလာခဲ့ တဲ့အနီရောင်ဝမ်းဆက်နှင့်လူသားး

~~~ Everything For You ~~ <completed>Where stories live. Discover now