- ဟိုကောင်နဲ့ဝေးဝေးနေ ကိုယ်မကြိုက်ဘူး

ပြောပီးသည်နှင့် ထွက်သွားသော ထိုသူရဲ့ ကျောအား နေပိုင် ပါးစပ်အဟောင်းသား ရပ်ကြည့်နေခဲ့မိသည်...ဓာတ်လှေကားပြန်ပိတ်သွားသည်အထိ

- ငါ့ကိုပြောသွားတာလား

နေပိုင် ကြောင်တောင်တောင်ဖြစ်သွားတာကြောင့် သူ့ရဲ့ ဟိုဘက်ဘေးဒီဘက်ဘေးကြည့်လိုက်ရတဲ့ အဖြစ်

........

အချစ်ကို ထုပ်မပြလိုက်ခင်မှာပဲ...အမိန်ဆန်သော သြချချ စကားသံတို့က ပိုင့်ဘဝထဲ မထင်မှတ်ဘဲ ရောက်လာခဲ့ သည်မှာ...

........

အိမ်ပြန်လမ်းတစ်လျှောက် နေပိုင်နှင့်အတူ ဆွေးတို့နှစ်ယောက် လမ်းလျှောက်ရင်း ပိုင့်အိမ်ကိုပြန်လာခဲ့ကြသည်..

- ဒါဆို နောက်လ သင်တန်းစပီပေါ့

- အွန်း တယျောတီးတာက ငါ့ဝါသနာပဲဟာ ငါတက်ချင်တယ် ဆွေး အဲဒါ ဆိုင်ကိစ္စ..

နေပိုင့်ရဲ့ ပုခုံးကို.ဆွေး..ဖက်လိုက်ပီး

- ဆိုင်ကိစ္စ မပူပါနဲ့ ငါတစ်ယောက်လုံးရှိသေးတာပဲဟာ မင်းသာ သင်တန်းကိုဖြောင့်အောင်တက်

အစွယ်လေးတွေ ပေါ်သည်အထိ ရီလိုက်တဲ့ ပိုင့်ရဲ့အမူရာလေးးး

- ကျေးဇူးပါပဲ ဆွေးရယ် ဒါမဲ့သင်တန်းအချိန်က တပတ်မှ ၄ ရက်ထည်းပါ အဲ့ ၄ ရက်မှာ3 နာရီပဲသင်မှာလေ...ငါသင်တန်းပီးတဲ့အထျိန် ဆိုင်ကိုလာကြည့်ပါ့မယ် ဟိဟိ နော်

ဆွေးရဲ့ လက်ချောင်းလေးနဲ့ နေပိုင့် ဆံပင်လေးတွေအား ဖွပေးရင်းး

- အင်းပါ မချွဲပါနဲ့ကွာ...

- ဟင် ဘာလို့

-မင်းချွဲရင် ဒီရင်ဘတ်ထဲက အကောင်က ခုန်ခုန်တက်လာလို့...

- ဟားဟားဟား သေနာလေး သွား စကားအဟုပ်မှတ်လို့

လမ်းတစ်လျှောက်လုံး ကောင်လေးတစ်ယောက်က နောက်ကောင်လေးတစ်ယောက်နောက် ပြုံးရယ်ကာ ပြေးလိုက်နေတဲ့ ပုံရိပ်ကို အဝေးတနေရာ ကားနီထဲမှ အကြည့်စူးစူးတို့ဖြင့်ကြည့်နေခဲ့သော ထိုလူ...
ဘရိတ်ကိုနင်းကာအရှိန်ကို ထိပ်ဆုံးထိ မြင့်တင်လိုက်ပီးး သူ၏ကားးရဲ့ ဦးတည်ရာ....
အရှေ့က ကောင်လေးနှစ်ယောက် ဆီသို့...

~~~ Everything For You ~~ <completed>Where stories live. Discover now