ပြုံးလိုက်တဲ့ ဆွေးရဲ့မျက်နှာလေးမှာ ကျေနပ်မှုတို့ကပ်ပါလာသည်မှာ..
လက်ထဲက ဖုန်းကို ချကာ နေပိုင့်နောက်ကနေ ခါးလေးအားဖက်လိုက်သည်...

- လာပီ ကိုယ်ဘာလုပ်ပေးရမှာလဲ

ခါးအားဖက်ထားတဲ့ဆွေးရဲ့လက်တွေ ကိုတွန်းဖယ်ရင်း

- ဖယ်စမ်းပါ ဆွေးရာ သူများတွေမြင်ရင် တမျိုးထင်ကြလိမ့်မယ်...ဘေးဖယ်..

- အပိုင်

- ဘာလဲ

- ငါ ငါမင်းကို ဟို

- မပြောသေးဘူးမလားး ရော့ ဒီပန်းအိုးလေးတွေကို ဒီနေရာလေးမှာ လှလှလေး ​ကြိုးနဲ့ဆွဲထားပေး

- မင်းကရော

- ငါချိန်းထားတာရှိလို့ သင်တန်းကိစ္စ

- သြော်ဒါဆို ငါ့ကားယူသွားလေ

- နေနေ သိပ်မဝေးဘူးလမ်းလျှောက်ပဲသွားလိုက်တော့မယ်..

- အင်း

နေပိုင် ရှောင်ထွက်လာတယ်ဆို ပိုမှန်နေမလား သို့ပေမဲ့ ချိန်ထားတာရှိပေမဲ့ လို့ ခုမှ 8 ကျော်ကျော်ပဲရှိသေးသည်လေ ချိန်ထားသည်က 9 နာရီလောက်မှ...
" ငါသိတယ် ဆွေး မင်းပြောချင်နေတဲ့အကြောင်းအရာကို မဖြစ်သင့်ဘူးမလား ငါ ညီ့ကိုစောင့်ရှောက်ရအုံးမယ်...ကျေးဇူးပြုပီး ငါ့ကိုမချစ်ပါနဲ့ ကျေဇူးပြုပီးတော့..."

ဓာတ်လှေကားထဲဝင်မည်လုပ်တော့ အထဲမှာလူတစ်ယောက် ကုတ်အိင်္ကျီ အနီရောင်ဝတ်ထားပီးအထဲက အနက်ရောင် ဝတ်ထားတဲ့သူ ထူးပြဲ အနီရောင်ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်ထားသည့်သူရဲ့ပုံစံက မိန်းခလေးတွေအမြင်ဆိုရင် ကြွေလောက်တဲ့ပုံပေါ်ပေမဲ့...

သူဘယ်သူလဲဆိုတာ ခင်ဗျားတို့ခန့်မှန်းနိုင်လောက်ပီထင်....

အဟက် ကျနော့မျက်စိထဲ မျက်စိနောက်စရာ
တကိုယ်လုံးအနီတွေမို့ ဆံပင်အရောင်က ရွှေအိုရောင်စိုးထားလို့တော်သေး အနီရောင် များစိုးထားရင်တော့

နေပိုင် အထဲဝင်ရင်း အောက်ဆုးံထက်ကိုသွားရန်နှိပ်လိုက်ပေမဲ့ ထိုသူက အမြင်ဆုံးအထပ် အလွှာ 4 ကိုနိမ့်တော့ စိတ်ထဲနဲနဲ မကျေမနက် ဖြစ်သွားရတယ် ထားပါလေ သူကအရင်ရောက်တာမို့လားး
နေပိုင် ဘာတစ်ခွန်းမှမပြောတော့
စိုင်းညှို့ နှခမ်းတဖက် အပေါ်တွန့်ကွေးလိုက်သည်...
ထိုအချိန် တံခါးဖွင့်သွားသည်နှင့် စိုင်းညှို့ နေပိုင့်ရဲ့နားအနားကပ်ကာ

~~~ Everything For You ~~ <completed>Where stories live. Discover now