မျက်လုံးတွေ နီနေတာကြောင့် နေပိုင်မေးလိုက်ခြင်း

- ဟုတ်တယ် ကိုကို စူးအရက်သောက်တာများသွားလို့နဲ့တူတယ် ခေါင်းတွေမူးပီ မျက်လုံးတွေပူနေလို့အဲဒါ

- ဖြစ်ရမယ် စူးရယ် ကဲအ့ဆိုနားတော့ ဆေးသောက်ပီးမှအိပ် နေနေ မသောက်နဲ့ ကိုကို ဆေးယူပီးးညီ့အခန်းလာခဲ့မယ် တော်ကြာ ညီက စိတ်ချရတာမဟုပ်ဘူး သွားတော့

- ကိုကိုကလဲဗျာ..

စူးပြုံးပီးသာ အခန်းထဲသို့ထွက်လာခဲ့သည်..ထိုအပြုံးတို့က အသက်မပါဘူးလို့လဲဆိုရမလားး
တောင်းပန်ပါတယ် ကိုကို စူးကိုကို့ ကိုညာမိသွားပီ

........

- မထားခဲ့ပါနဲ့ ဟင့်ဟင့် မာမီ ဒယ်ဒီ သား သားဆီပြန်လာခဲ့ပါ... ဟင့်အင် မဟုပ်ဘူး မာမီးး!!

အိမ်မက်ဆိုးတို့မှ မောမောပန်းပန်းနိုးထလာခဲ့ရတဲ့ စိုင်းညှို့တစ်ယောက် ငယ်စဥ်က ဘယ်လောက်တောင် စိတ်ဖိစီးမှုတွေများခဲ့လဲဆိုတာ သူကိုယ်တိုင်ပဲ သိမှာပါ စိတ်ဒဏ်ရာ ရခဲ့သည်ဆိုလဲ ပိုမှန်နေတယ်မလားး မိဘမဲ့ တစ်ကောင်ကြွက် ဖြစ်ခဲ့လို့ အများအမြင်မှာ ခက်ထန်နေတယ် သူထင်ရပေမဲ့ တကယ်တမ်း အခုကြည့်လေ ခင်ဗျားတို့မြင်ရတဲ့အတိုင်း အိပ်ယာက လန့်နိုးလာတိုင်း သူငိုကြွေးနေခဲ့သည်လေ..
..ဒါက သူ့ရဲ့ ညစဥ် အလုပ်လား??

- အိပ်ရေးပျတ်တဲ့ညတွေ များလာတဲ့အခါ ခင်ဗျားတို့ဘာလုပ်ကြလဲ..အဟင်းး ခင်ဗျားတို့တော့ မသိဘူး ကျနော်လား အခန်းထဲအမှောင်ချရင်း ပြတင်းပေါက်မှာပေါ်နေတဲ့ လမင်းကြီးကို ထိုင်ပီးစကားပြောလေ့ရှိတယ်...သူတောင်ကျနော့အကြောင်းတွေတော်တော်သိနေပီလေ...ခင်ဗျားတို့ရော ကျနော့အကြောင်းသိချင်လား တဖြေးဖြေးသိလာမှာပါ ကျနော်က ဘယ်လိုလူမျိူးလဲဆိုတာ...

.....

နောက်တစ်ကြိမ်ထွက်သွားမှာစိုး၍အလားးထိုလူသားကိုတော့ ဘယ်တော့မျှ လက်မလွှတ်ချင်တော့ဘူးး

.......

- ဘာလုပ်နေတာလဲ ဆွေးရယ် အ့မှာ အချိန်ကုန်ခံပီး game ဆော့မနေနဲ့ ဒီလာကူအုံးး

~~~ Everything For You ~~ <completed>Where stories live. Discover now