"ကျွန်မ အဆင်သင့်ဖြစ်ပါပြီနော် idol‌လေး။ အခုပဲ သွားကြမလား" နင်မုန့် ယဉ်ယဥ်ကျေးကျေး မေးလိုက်သည်။

"အင်း" ဟော်ပေ့ချန် ပြောလိုက်သည်။ မသိလျှင် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။

"..."

ချီရှန်ကတော့ ‌ဆွံ့အသွားသည်။ အိမ်ထဲကနေ ထွက်လာပြီး အိမ်ပြင်သို့ ခြေချသည့်တိုင် ချီရှန်ရဲ့ မျက်လုံးတွေက နင်မုန့်ဆီမှ တပ်ကြပ်မခွာ။ လက်ရှိသူမက အရင်သူမနဲ့ သိပ်တော့ မခြားနား ခါးသွယ်သွယ်နဲ့ ရင်သားကြီးကြီးတွေ ရှ်ိနေတုန်းပါပဲ။ ပြီးတော့ သူက အ၀တ်အစားတွေကို အမြဲတမ်း လိုက်ဖက်အောင် ၀တ်စားတတ်တယ်။ ဆွဲဆောင်မှုရှိတဲ့ မျက်၀န်းတွေက ဖျားယောင်းနိုင်တဲ့ အရှိန်အဝါတွေကို ထုတ်လွှင့်နိုင်နေတုန်းပဲ။

ကွာခြားသွားသော တခုတည်းသော အရာက သူမရဲ့အကြည့်တွေသာ ဖြစ်သည်။ သူမပုံစံက အရင်ကထက်ကို ဉာဏ်ကောင်းပုံ ပေါ်နေသည်။ ဒါ့အပြင် သူမရဲ့ စိတ်နေသဘောထားကလည်း နည်းနည်းလေး ခြားနားသွားသည်။ ဆီလျော်မှုမရှိတဲ့ အရာတွေ လုပ်နေဆဲဆိုပေမယ့် အရင်သူမရဲ့ အပြုအမူတွေကတော့ ငတုံးလို့ ထင်မြင်ယူဆစေသော အရာများသာ။ အခုလည်း ဟော်ပေ့ချန်ကို မြင်တိုင်း လျှောက်လုပ်နေပေမယ့် ယခု သူမရဲ့နည်းလမ်းတွေက ခပ်ကြောင်ကြောင် ဟုတ်မနေတော့။ ဒါကြောင့်ပဲ ဟော်ပေ့ချန်က သူမကို သူ့အိမ်မှာ နေဖို့ ခွင့်ပြုလိုက်တာများလား။

ဟော်ပေ့ချန်‌နောက်ကနေ နင်မုန့် လိုက်နေရင်းမှ တိုက်ခန်းအရှေ့တွင် ရပ်ထားသော အနက်ရောင် cadillac တစ်စီးအားတွေ့လိုက်ရသည်။

"wow! Cadillacပဲ! အနုပညာဆန်တဲ့ အပြောင်မြောက်‌ဆုံး ဖန်တီးမှုလေးကို ကြည့်ပါဦး! ပြီးပြည့်စုံတဲ့ outline
အထက်တန်းဆန်တဲ့ အတွင်းပိုင်းအပြင်အဆင် နဲ့ ခေတ်ရှေ့ပြေးတဲ့ စက်တွေကြောင့် ကားတွေအားလုံးထဲမှာ ကားဘုရင်ပဲ! ဒီလိုကားမျိုးကပဲ ငါ့ရဲ့ ပြီးပြည့်စုံတဲ့ ယောက်ျားနဲ့ လိုက်ဖက်မှာ!"

"..."

"ဒါ ငါ့ဘော့စ်ရဲ့ကားမဟုတ်ဘူး" ချီရှန် ပြောလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Место, где живут истории. Откройте их для себя