၁၂၉ ။ ဆေးမှန်မှန်သောက် (၁၀)

Start from the beginning
                                    

    ......
ရှီရှန်း စံအိမ်ဆီ ပြန်လာချိန် သူမ အထဲကနေ ရယ်မောသံများ၊ စကားသံများကို ကြားလိုက်ရသည်။ ဧည့်ခန်းထဲတွင် ကျိရှောင်ယွီနှင့်ပေကျယ်က တစ်ယောက်ဘေးတစ်ယောက်ထိုင်နေကာ မျက်နှာချင်းဆိုင်တွင်တော့ အရွယ်တင်သည့်လူကြီးနှစ်ယောက် ထိုင်နေသည်။

ရှီရှန်း အနည်းငယ်ကြောင်သွားသော်ငြား ပေကျီ့မှတ်ဥာဏ်များကတစ်ဆင့် သူတို့မည်သူမည်ဝါဖြစ်ကြောင်း သိသွားသည်။ ပေမိဘနှစ်ယောက်ပင်။

'သူတို့တကယ်ကြီး ပြန်လာတာလား။ ဒါပေမဲ့ ကျိရှောင်ယွီ... သူ့ပြောင်းလဲမှုတွေက တော်တော်လေးကြီးလာချေလား! ငါမရှိတုန်း ကျိရှောင်ယွီက သူ့ကိုယ်သူကောင်းကောင်း ပြင်ဆင်ထားတာပဲ ဖြစ်ရမယ်'

ကျိရှောင်ယွီက ခေါင်းစခြေဆုံး ဘရန်းပစ္စည်းများနှင့်ဆင်ထားသည်။ သူမလည်ပင်းနှင့် လက်ကောက်ဝတ်ပေါ်မှ အဆင်တန်ဆာများက နောက်ဆုံးပေါ်စတိုင်ဖြစ်၏။ သူမက မျက်နှာပြောင်ဖြင့် မဟုတ်တော့ဘဲ မျက်နှာပေါ်တွင် အကာင်းစားမိတ်ကပ်လူးထားသည်။

သူမအမူအရာနှင့် ရင်ဘတ်ကို မသိမသာကော့ထားတာကြည့်ရရင် သူမတည်ရှိမှုကို ကြေညာရန် အရင်ကထက်ပိုပြီး ယုံကြည်ချက်ရှိလာပုံပင်။

သူမက ဘရန်းပစ္စည်းများနှင့်ဆင်ထားသော်ငြား စရိုက်လက္ခဏာကတော့ ရေချိန်အမှတ်မရောက်သေး၍ သူမပုံစံက ကြောင်တောင်နိုင်နေသည်။

ပေကျီက ပထမဆုံး ပေကျယ်ကို မြင်သွားသောသူဖြစ်သည်။ သူက မတ်တပ်ရပ်ပြီး လျှောက်လာတော့မည့်ပုံပေါ်သော်ငြား စားပွဲပေါ်က ရေခွက်ကို ကောက်ယူရန် ကိုင်းလိုက်လေ၏။
"ရေသောက်ဦး"

"ကျေးဇူးတင်ပါတယ်"
ကျိရှောင်ယွီမျက်နှာကရဲနေပြီး အရှက်သည်းကာပြောလေသည်။

"ငတုံးမလေး"
ပေကျီက ကျိရှောင်ယွီခေါင်းကို ပုတ်ပေးလိုက်သည်။
"အဖေ၊ အမေ၊ ကျွန်တော် ရှောင်ယွီကို ဟိုဟိုဒီဒီလိုက်ပြလိုက်ဦးမယ်"

"ကောင်းပြီလေ၊ သွားကြ! နေ့လယ်စာစားဖို့ အချိန်မီပြန်လာခဲ့နော်!"
အမေပေက ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ သူမက ကျိရှောင်ယွီကို အတော်လေးသဘောကျသည်ထင်၏။

You've reached the end of published parts.

⏰ Last updated: Sep 06, 2021 ⏰

Add this story to your Library to get notified about new parts!

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now