Part(24)

1.8K 114 2
                                    

Zawgyi

"​ကော ဘာစားချင်​တာမ်ျိုးရှိလဲ ကျွန်​​တော်​ဝယ်​ခဲ့မယ်​"

"အဆင်​​ပြေတာပဲ ဝယ်​ခဲ့ပါ"

ပြောပြီးတာနဲ့ ​ရှောင်​ကျန့်​က ထိုင်​ရာက​နေ ထုံးစံအတိုင်း
အိပ်​ရာထဲ ​ခွေ​နေပြန်​တယ်​။
နှလုံးအစားထိုးကုသဖို့ လက်​ခံလိုက်​တဲ့ ​နေ့ကတည်းကစပြီး
ရှောင်​ကျန့်​က ရိ​ပေါ်ကို သိသိသာသာ​ရှောင်​လာခဲ့တယ်​။
တခုခုဆို ငြင်းဖို့ကြိုးစားတာမျိုး မဟုတ်​ဘဲ အလိုက်​သင့်​​လေး
ပြောပြီး တမင်​​ရှောင်​​နေတာမျိုး။

သိချင်​​နေ​ပေမယ့်​လည်း အ​ဖြေပြန်​မရနိုင်​မှန်းသိတာမို့
ကျန့်​​ကော စားဖို့အတွက်​ အဆင်​​ပြောတာ​လေးတခုခုဝယ်​ဖို့
ဆေးရုံ​ဘေးနားက ဆိုင်​​လေးကိုပဲ
ရိ​ပေါ်ထွက်​လာခဲ့တယ်​။

အ​ဝေးကြီးမသွားချင်​တာမို့ ဆိုင်​မှာလူနဲနဲ ကျပ်​​နေ​ပေမယ့်​လဲ
ဟိုကြည့်​ဒီကြည့်​နဲ့ပဲ ​စောင့်​​နေရတယ်​။
ခဏ​လေးထွက်​လာတာ​တောင်​ သူ့ကျန့်​​ကောကို လွမ်း​နေပြီရယ်​။
ကိုယ့်​အ​တွေးနဲ့ကိုယ်​ ပြုံး​နေတာမို့ တခြားသူ​တွေ ကွက်​ကြည့်​ကွက်​ကြည့်​ လုပ်​​နေတာကိုလဲ ဂရူမစိုက်​မိ။

ကျန့်​​ကောက hot potကြိုက်​တယ်​ဆို​ပေမယ့်​ အစပ်​စားဖို့
အဆင်​မ​ပြေတာ​ကြောင့်​ ပူပူ​နွေး​နွေးဖက်​ထုပ်​ပြုတ်​​လေးကိုပဲ
ရိ​ပေါ် ဝယ်​ခဲ့တယ်​။
စိတ်​​ကောက်​​နေတဲ့ ​ရှောင်းလူကြီးကို အစားနဲ့ပဲဖြစ်​ဖြစ်​ ​ချော့ရ
မယ်​။
ဘာကိစ္စမှန်း မသိ​ပေမယ့်​ သူ့ကို​ရှောင်​​နေတယ်​ဆိုကတည်းက
သူအမှား လုပ်​မိထားတယ်​ဆိုတာ ​သေချာ​နေပြီမဟုတ်​လား။

ဒါ​ပေမယ့်​ အ​ပျော်​​တွေက သူ့အနားမှာ ကြာကြာမ​နေချင်​ဘူး
ထင်​ပါရဲ့။
မြင်​လိုက်​ရတဲ့ မြင်​ကွင်းက ကျန့်​​ကောအခန်း​ရှေ့မှာ
အ​ပြေးလွှားဖြစ်​​နေတဲ့ ဆရာဝန်​​တွေ..
မျက်​နှာပျက်​​နေတဲ့ ကျန်းချန်​​ကောကလဲ တစ်​ခုခုကိုစိုးရိမ်​​နေပုံပင်​။

အ​တွေးထက်​ ခပ်​မြန်​မြန်​​လျှောက်​မိတဲ့ ​ခြေလှမ်း​တွေကြား
ဝယ်​လာတဲ့ ဖက်​ထုပ်​​တောင်​ ဘယ်​​နေရာမှာ
ကျန်​ခဲ့မှန်း မသိ​တော့။

In My Mind( Completed)Tahanan ng mga kuwento. Tumuklas ngayon