Part(22)

1.8K 112 0
                                    

Zawgyi

"ရိ​ပေါ်"

"​ဟောက်​ရွမ်း..ကျန့်​​ကော ကျန့်ေ​ကာကို ကြည့်​​ပေးပါအုံး"

"စိတ်​​အေး​အေးထား​နော်​ ရိ​ပေါ်"

ဆေးရုံအခန်းတစ်​ခု ​ရှေ့ ဟိုဘက်​​လျှောက်​ ဒီဘက်​​လျှောက်​ကာ
ပြာပြာသလဲ ဖြစ်​​နေတဲ့ရိ​ပေါ်က ကျိရန်​နှင့်​ ​ဟောက်​ရွမ်း တို့ကို
မြင်​​တော့ အသည်းသန်​ အကူညီ​တောင်းကာ
တစ်​​ယောက်​တည်း အရူးမီးဝိုင်း ဖြစ်​​နေခဲ့တယ်​။

မိုးလင်းခါနီးမှ ရင်​ဘတ်​​အောင့်​တယ်​ဆိုပြီး ထ​ပြောတဲ့
ရှောင်​ကျန့်​က ဆရာဝန်​သွား​ခေါ်​နေတဲ့
ရိ​ပေါ်ပြန်​မလာခင်
အချိန်​​လေးမှာတင်​ အသက်​ရူရပ်​မတတ်​ ဖြစ်​​နေခဲ့မယ့်​လို့
ဘယ်​သူက ထင်​ထားခဲ့မှာလဲ။

တစွန်းတစ မြင်​​နေရတဲ့ အခန်းထဲက ဆရာဝန်​​တွေရဲ့
ပြာပြာသလဲဖြစ်​​နေတဲ့ ပုံရိပ်​​တွေ
တတီတီမြည်​​နေတဲ့ နှလုံးခုန်​စက်​က အသံ​တွေ ဒါ​တွေကို
မြင်​ရတိုင်း သူ့ရင်​ဘတ်​က ပိုပိုတင်းကြပ်​လာတာ
မခံမရပ်​နိုင်​​အောင်​ပဲ။

ကျိရန်​​ကောရဲ့ ဖုန်းဆက်​​​ခေါ်မူ​ကြောင့်​ ​ရောက်​လာကြတဲ့
သူ​တွေထဲမှာ ပါးပါးနှင့်​မားမားအပြင်​ ဖန်​ချင်းပါ
ရောက်​လာခဲ့တယ်​။
အဆင်​​ပြေသွားမှာပါ ဆိုပြီး အားလုံးက ​ပြောလာကြ​ပေမယ့်
မောဟိုက်​​နေတဲ့ ရင်​ဘတ်​အစုံနဲ့ စိုးရိမ်​စိတ်​တို့ကအရှိန်​မ​သေ​သေး။

ရှောင်​ကျန့်​သာ တစ်​ခုခုဖြစ်​သွားရင်​ ..
ဒါမှ မဟုတ်​ လက်​လွတ်​လိုက်​ရမယ့်​ အ​ခြေ​နေမ်ျိုး ကြုံလာ
ခဲ့ရင်​ ..မတုံမဆိုင်းဘဲ
ရှောင်​ကျန့်​​နောက်​ လိုက်​သွားဖို့ထိ ရိ​ပေါ်က လုပ်​မိမယ်
ထင်​တယ်​။

တစ်​နာရီ​လောက်​ကြာမှ ထွက်​လာတဲ့
ဒေါက်​တာ​ရှေ့ ​ရောက်​ဖို့ကို တုန်​ယင်​​နေတဲ့ ​ခြေ​တောက်​​တွေကို ထဖို့ အားပြုရင်း ​ဒေါက်​တာ​ပြောမဲ့ စကား​တွေကို
နားစွင့်​​နေမိတယ်​။

"လူနာရဲ့ အုပ်​ထိန်းသူနဲ့ စကား​ပြောချင်​ပါတယ်​"

ဒေါက်​တာရဲ့ စကားအဆုံးမှာ ဖန်​ချင်းက လူပ်​လူပ်​ရှားရှား
ဖြစ်​လာတာ​ကြောင့်​ ဖန်​ချင်းထက်​အရင်
ရိ​ပေါ်က သိသိသာသာ​ရှေ့တိုးရပ်​တယ်​။
ဒီအချိန်​မှာ ​ရှောင်​ကျန့်​အားကိုးရသူက ဝမ်​ရိ​ပေါ်ဆိုတာပဲ
ရှိ​စေချင်​တယ်​။

In My Mind( Completed)Where stories live. Discover now