Part(4)

3.2K 211 0
                                    

Zawgyi

ရှောင်​ကျန့်​က ကျဆင်းလာမယ့်​ မျက်​ရည်​​တွေကို
မားကို မမြင်​​စေချင်​တာ​ကြောင့်​ ခပ်​​လျှော​လျှော
မှီထား
သည့်​ မားရင်​ခွင်​ထဲ ကမန်းကတန်း တိုးဝင်​ပီး
တင်းတင်းကျပ်​ကျပ်​ ဖက်​ထားလိုက်​တယ်​။

ဒီလိုဆို မားက သူငို​နေတာ မြင်​မာ မဟုတ်​​တော့ဘူး​လေ..

မားရဲ့ဆုံးမ စကား​​တွေထဲမှာ ​ပျော့ညံတဲ့သူ​တွေက ငိုတယ်​တဲ့
ဒါ​ကြောင့်​ ​ရှောင်​ကျန့်​က ကျဆင်းလာမယ့်​ မျက်​ရည်​​တွေကို
မားကို မမြင်​​စေချင်​ဘူး...

ဒါ​ပေမယ့်​လဲ မားကိုယ်​တိုင်​က ငို​နေခဲ့တယ်
ဒါကို ​ရှောင်​ကျန့်​ကလဲ သိတယ်​။

တော်​​တော်​ကြာတဲ့ထိ ​ရှောင်​ကျန့်​က မားရင်​ခွင်​ထဲမှာပဲ
ရိုက်​​နေခဲ့တယ်

တိတ်​ဆိတ်​​နေသည့်​ မား​ကြောင့်​ ​ရှောင်​ကျန့်
ခေါင်း​ထောင်​ကြည့်​မိ​တော့ မား...
မားက အိပ်​​နေခဲ့ပီပဲ။

သူ့ကိုနူတ်​ဆက်​စကားမဆိုခဲ့ပါပဲ ​အေး​အေးချမ်းချမ်း အိပ်​စက်​​နေသည့်​ ​မားက ပါး​ပေါ်က
မျက်​ရည်​​တွေကိုလဲ သုတ်​ပစ်​ဖို့ ​မေ့​နေခဲ့ဟန်​။

ပါး​ပေါ်က မျက်​ရည်​​တွေကို ခပ်​ဖွဖွသုတ်​​ပေးပီး
ရှောင်​ကျန့်​က က​လေး​လေးလို မားရင်​ခွင်​ ထဲပြန်​တိုးဝင်​တယ်​။


ခေါင်းထဲမှာလဲ မားမရှိ​တော့ဘူးဆိုတဲ့အ​တွေးကို
မားက ခဏ​လေးပင်​ပန်းလို့  အိပ်​​နေတာဆိုပီး
ပြန်​​ချေပတယ်​။

နောက်​ဆုံး​ပွေ့ဖက်​နူတ်​ဆက်​ခြင်းမှာ ​ရှောင်​ကျန့်​က
မငိုခဲ့ဘူး...
ထွက်​ခွာသွားတဲ့ မားကို စိတ်​မပူ​စေချင်​တာ​ကြောင့်​။

အားကျန့်​ဆိုတဲ့ ၂၅နှစ်​အရွယ်​ ​ကောင်​​လေးက
မားကို သိပ်​သိပ်​ချစ်​ခဲ့တာ
ဘုရားသခင်​ကသာ အသိဆုံးပါ​လေ။

.
.

.

.
.

ဈပန အခမ်းနားတခုလုံးကို ရီ​ပေါ်က
ကိုယ်​တိုင်​ဦး​ဆောင်​ပီး စနစ်​တကျ စီစဉ်​​ပေးတယ်​..

In My Mind( Completed)Where stories live. Discover now