Part(23)

1.8K 113 3
                                    

Zawgyi

ထုံးစံအတိုင်း
နေ့တိုင်းလိုလိုပဲ ဒီ​နေ့ည​​နေခင်းအချိန်မှာ​​လဲ ​ခုံတန်း​လေးက​နေ
စမ်း​ချောင်း​လေးကို ​ငေးရင်း ​ရှောင်​ကျန့်​ရှိ​နေခဲ့တယ်​။
ထုံးစံမဟုတ်​တာက ဒီတစ်​ကြိမ်​​တော့ သူ့​ဘေးနားမှာ
ဟန်​ဆိုတဲ့ ​ကောင်​​လေးမရှိ​တော့တာပဲ။

အရင်​လို ဟန်​က​ ​ဘေးက​နေ တတွတ်​တွတ်​ စကား​တွေ
ပြောမ​နေ​တော့​ပေမယ့်​ ဒီတစ်​ခါ​တော့ ခုံတန်း​လေး​အောက်​မှာ
ငြိမ်​ငြိမ်​​လေး ထိုင်​​နေတဲ့ ရိ​ပေါ် ရှိ​နေတယ်​။

"​ကော..."

ခုံတန်း​အောက်​မှာ ​ခြေဆင်းထိုင်​​နေရာက​နေ ရိ​ပေါ်က သူ့ကို
ခေါင်း​လေး​မော့ကြည့်​ပြီး လှမ်း​ခေါ်လာတယ်​။

"ကျွန်​​တော်​ ​ပြောတာ လက်​ခံ​ပေးမယ်​မလား"

နှလုံးအစားထိုး ကုသဖို့..
လက်​ခံလိုက်​ပြီးမှ တခုခုဖြစ်​သွားရင်​ ဆိုတဲ့အ​တွေးက
ဝင်​ဝင်​နိပ်​စက်​ လွန်းလို့ ညဆို အိပ်​မ​ပျော်​တဲ့အထိပဲ။
နှစ်​လ ​လောက်​ပဲ ​နေရ​တော့မယ့်​ သူ့ကို ရိ​ပေါ်က ဘာ​တွေများ
မျှော်​လင့်​ချင်​ ​နေရတာလဲ။

လက်​ခံ​ပေးလိုက်​လို့ အဆင်​​ပြေသွားရင်​​တောင်​ သူ့ကိုအမြဲ
လိုက်​ကြည့်​​ပေး​နေရမယ့်​ ရိ​ပေါ်က ပင်​ပန်း​နေရ​တော့မှာ။
ဟင့်​အင်း ..ဒါက သူဖြစ်​ချင်​တာ မဟုတ်​သလို ရိ​ပေါ်ရဲ့
အနာဂတ်​​တွေကို ဖျက်​ဆီးတဲ့ သူကလဲ သူကိုယ်​တိုင်​ မဖြစ်​ချင်​ဘူး။

"ဟန်​က မင်းနဲ့သိပ်​တူတယ်​ ရိ​ပေါ်"

အ​မေးတခြား အ​ဖြေတခြား ဖြစ်​​နေ​ပေမယ့်​ ​ရှောင်​ကျန့်​က
သူလိုချင်​တဲ့ အ​ဖြေ​ပေးမယ်​ဆိုတာ သိ​နေတာမို့

"အင်း..ကျွန်​​တော်​သိတယ်​"

သူသိတယ်​ဆိုတာ က တခြားအ​ကြောင်းရာ တစ်​ခုဆိုတာ
ကျန့်​​ကော သိဖို့​တော့ မလို​လောက်​ပါဘူး။
ဒီတိုင်း​လေး ..ဒီအ​ခြေ​နေ​လေးပဲ သ​ဘောကျတာမို့ ခဏ
လောက်​ဖြစ်​ဖြစ်​ ရပ်​တန့်​ထားလို့ ရရင်​ ရိ​ပေါ်က ရပ်​ထားချင်​​သေးတယ်​။

In My Mind( Completed)Where stories live. Discover now