Part(19)

1.7K 115 0
                                    

Zawgyi

"​ရှောင်​ကျန့်​ အဆင်​​ပြေရဲ့လား"

"အင်း..အဆင်​​ပြေပါ​တယ်​"

မောပန်းပြီး အသက်​ရူမဝ သလိုဖြစ်​​နေတဲ့ ​ရှောင်​ကျန့်​ကို
လေ​ကောင်း ​လေသန့်​ ရမယ့်​ အဆင်​​ပြေတဲ့ တစ်​​နေရာကို
ကျန်းချန်​က ​ရွေး​ပေးခဲ့တယ်​။

"အပြင်​မှာ ကြာကြာ​နေ​လို့ မ​ကောင်းဘူးပြန်​ရ​အောင်​"

"ကျန်းချန်​"

"အင်း.."

"ငါ..ဘာမှ မဟုတ်​​တော့ဘူး"

စကားဆက်​ဖြတ်​ပြီး တဖက်​လှည့်​သွားတဲ့ ​ရှောင်​ကျန့်​က
သေချာ​ပေါက်​ ငို​နေတယ်​ဆိုတာ သူသိတာ​ပေါ့။
ဒီ​လောက်​ထိ ဖြစ်​ခဲ့တာ​တောင်​မှ ရိ​ပေါ်အ​ကြောင်းကို
တခွန်းမှ မဟ​သေး။

ပြန်​လိုက်​လာတဲ့ တစ်​​လျှောက်​လုံးလဲ ​ရှောင်​ကျန့်​က
ကားထဲမှာ မလူပ်​မယှက်​နဲ့ ငြိမ်​ကုတ်​လို့။
ကားမထွက်​ခင်​ လမ်း​ပေါ်မှာ တစ်​​ယောက်​တည်း ​ပေါက်​ကွဲ​နေတဲ့ ရိ​ပေါ်ကို မြင်​လိုက်​​သေးတယ်​ထင်​ပါတယ်

'ရိ​ပေါ်ကို တစ်​ချက်​​လောက်​ ပြန်​သွားကြည့်​​ပေးပါ'တဲ့
အင်းလို့လဲ လက်​မခံချင်​သလို ဟင့်​အင်းဆိုပြီးလဲ
ငြင်းလို့
မရတဲ့အ​ခြေ​နေမှာ မတတ်​သာတဲ့ အဆုံးရိ​​ပေါ်ဆီကို
မလာချင်​ လာချင်​နဲ့ ကျန်းချန်​ ​ရောက်​လာခဲ့ရတယ်​။

"ရိ​ပေါ် ..မင်းလက်​က ဒဏ်​ရာကို
အရင်​​ဆေးထည့်​ရ​အောင်​"

"​ဟောက်​ရွမ်း ငါ့​ကြောင့်​..ငါ့​ကြောင့်​ ကျန့်​​ကောက"

"ရိ​ပေါ်..မင်းကျန့်​​ကော ဘာမဖြစ်​​​တော့ဘူး"

ပြောရင်း ​ချော့ရင်းနဲ့ပဲ
ကျိရန်​နှင့်​ ​ဟောက်​ရွမ်းတို့ နှစ်​​ယောက်
ရိ​ပေါ် လက်​ကို​ဆေးထည့်​​ပေးဖို့ ပြင်​ရတယ်​။

ရိ​ပေါ် ထွက်​သွားပြီး ရှီးချန်​​ကော ဖုန်းဆက်​လာတာ​ကြောင့်
သူတို့မှာ ကမန်းကတန်း ထလိုက်​လာရတာ။
ဒီ​ရောက်​​တော့ လမ်း​ပေါ်မှာ တစ်​​ယောက်​တည်း ငိုင်​​နေတဲ့​ကောင်​က သူတို့ကိုမြင်​မှ ​ပေါက်​ပြဲ​နေတဲ့လက်​ကို
ထပ်​ထိုးဖို့လုပ်​​နေတာမို့ အသိစိတ်​ဝင်​စမ်းဆိုပြီး
ဟောက်​ရွမ်း ရဲ့ ၃၊၄ ချက်​​လောက်​ နီးရာဆွဲထိုး​ပေးမှ
သတိပြန်​ဝင်​ခဲ့တာ။

In My Mind( Completed)Where stories live. Discover now